တရုတ်နိုင်ငံက အမျိုူသားတစ်ဦးက အမျိုးအမည်မသိတဲ့ ရောဂါကိုခံစားနေရပါတယ်။ ထိုရောဂါကြောင့် အဆိုပါယောကျာ်း၏ ခန္ဒာကိုယ်မှာကလေးငယ်၏ခန္ဓာကိုယ်လောက်သာရှိနေပါတယ်။ အမျိုးသား၏နာမည်က ဝမ်တိမ်ဖိမ်ဖြစ်ပါတယ်။ သူက တရုတ်ပြည်အရှေ့ပိုင်းမှာနေထိုင်ပါတယ်။

အဆိုပါ အမျိုးသားကို ၁၉၈၇ခုနှစ်ကမွေးဖွားခဲ့တာပါ။ သူကမွေးကတည်းက အဆိုပါ ဝေဒနာကိုခံစားနေရတယပါ။ ဒါ့ကြောင့် သူအနေဖြင့် စကားမပြောနိုင်ပါဘူး။ သူရဲ့အမေ ချူ ကတော့ ဆန္ဒတစ်ခုရှိကြောင်း ဝမ်းနည်းစွာနှင့် ရင်ဖွင့်ခဲ့ပါတယ်။

သူမအနေဖြင့် သူ့သားက သူ့ကို အမေဟုခေါ်တာကိုကြားချင်ကြောင်းပြောကြားခဲ့ပါတယ်။ ဝမ်တိမ်ဖိမ်က နှစ်နှစ်သားကတည်းက စပြီး ဖွံ့ဖြိုးမှုမရှိတော့ပါဘူး။ ဒါ့ကြောင့် သူမှာ နှစ်နှစ် သုံးနှစ်သာအရွယ် အသိညဏ်နှင့် ခန္ဓာကိုယ်သာ ပိုင်ဆိုင်ထားပါတယ်။ ဝမ်တိမ်ဖိမ်၏ အရပ်မှာ ၂ပေရလက်မသာရှိပါတယ်။ လက်ရှိမှာတော့ ဝမ်တိမ်ဖိမ်က သူ့အမေချူနှင့် နေထိုင်လျက်ရှိပါတယ် လို့သိရပါတယ်။

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။