အချစ်မှာ အသက်ကြီးတာ ငယ်တာ ရုပ်လှတာမလှတာ ဆင်းရဲတာ ချမ်းသာတာ မျိုးတွေ မရှိဘူးဆိုတာ အားလုံးလည်း ကြုံဖူးလို့ သိနေမှာပါ။

ပုထုဇဉ်မှန်ရင်တော့ အချစ်နဲ့ မကင်းနိုင်ကြတာ သဘာဝဖြစ်သလို ဘယ်နေ့ဘယ်အချိန်မှာ ဘယ်လိုလူနဲ့ ဖူးစာဆုံးပြီး ချစ်ကြိုက်မိမယ်လို့ ကြိုတင်မသိနိုင်ပါဘူး။

ထို့အတူပဲ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသားလေးတို့ရဲ့ ချစ်ခြင်းမေတ္တာဟားလည်း အင်တာနက်သုံးစွဲသူတွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေတာတွေ့ရပါတယ်။

အမျိုးသမီးကြီးရဲ့နာမည်ကတော့ Angela ဖြစ်ပြီး သူဟာ မြေး ၆ ယောက်တောင်ရနေပြီဖြစ်တဲ့ အဘွားတစ်ဦးပဲဖြစ်ပါတယ်။

သို့ပေမယ့် စန်းထလာတဲ့အချိန်မှာ CJ လို့ခေါ်တဲ့ ကောင်လေးဟာ သူမကို ဖေ့ဘွတ်ကနေ လာ add ခဲ့ပြီး စကားတွေပြောကြရင်းနဲ့ ချစ်သူအဆင့်ကိုရောက်ရှိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ အချိန်အကြာကြီးမဆွဲတော့ဘဲ ချစ်သူသက်တမ်း သုံးလမှာတင် လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။

သူတို့ဟာ လက်ထပ်ထိမ်းမြားပြီးတဲ့အထိ နှစ်ကြိမ်သာ အပြင်မှာတွေ့ဖူးတာဖြစ်ပြီး CJ ဟာ Angela ရဲ့တတိယမြောက် ခင်ပွန်းဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်ရဲ့ဖူးစာနဲ့ပတ်သတ်ပြီး Angela ကတော့ “ ကျွန်မကို သူက ကမ္ဘာမှာအလှဆုံးအမျိုးသမီးတစ်ဦးလို့ ခံစားရစေတယ် နောက်ပြီး ကျွန်မတို့ အတူရှိဖို့ အမြန်ဆုံးအတူနေရအောင် ဗီဇာရအောင် ထပ်အားတင်းထားရဦးမယ်လို့ ဆိုပါတယ်။

အန်ဂျလာ ဟာ ခင်ပွန်းဟောင်းနဲ့ (၁၆)နှစ်ကြာအိမ်ထောင်ရေးကွာရှင်းပြီးနောက်မှာ တစ်ကိုယ်တည်းဘဝနဲ့ ရပ်တည်နေတာဖြစ်ပြီး အထီးကျန်နေချိန်မှာ အခုလို နိုင်ဂျီရီးယားသား CJ နဲ့ ချစ်ကျွမ်းဝင်မိခဲ့တာဖြစ်ပြီး နောက်ဆုံးအချစ်ကို ဖန်းတီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့အချစ်မှာတော့ အသက်အရွယ်ကလည်း အဓိကမကျပါဘူး ၊ ပိုက်ဆံကလည်း အဓိကမကျပါဘူ၊ အဓိကကတော့ သူတို့ဦးလုံးရဲ့ နှလုံးသားမှာ ဖြစ်တည်လာတဲ့ အချစ်တွေကြောင့်ပဲ အခုလို လက်တွဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Source – The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။