စပိန်နိုင်ငံမှ အမျိုးသမီးတစ်ဦးကတော့ မျက်မျက်နှာကိုခွဲစိတ်ပြုပြင်ရာမှ ဆိုရွားလှတဲ့အဖြစ်ဆိုးတစ်ခုနှင့်ကြုံတွေ့ခဲ့ရပါတယ်။သူမရဲ့နာမည်ကတော့ ရာဂျီးဖြစ်ပြီး တရားမဝင်ဖွင့်လှစ်ထားတဲ့ ဆေးခန်းတစ်ခုမှာ မျက်နှာကို ပလတ်စတစ်ဆာဂျရီ ပြုလုပ်ခဲ့ရာမှ သူမရဲ့မျက်နှာဟာ အုတ်ချပ်တွေလို တောင့်တင်းမာကြောကာ ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။အလှအပနောက်ကိုလိုက်ခဲ့တဲ့သူမရဲ့ ဘဝအတွက်တော့ ထိုအဖြစ်အပျက်က တကယ်ဝမ်းနည်းစရာကောင်းလှပါတယ်။

သူမကတော့ ပါးပြင်နှစ်ဖက်လုံးကို အင်္ဂတေအရည်နဲ့ တာယာဖာကော်ရည်တွေ ထိုးသွင်းပေးခဲ့ခြင်း ခံခဲ့ရတာကြောင့် အခုလိုရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတာလို့သိရပါတယ်။ထို့နောက်မှာတော့ ဆရာဝန်က သူမကတော့ မျက်နှာတင်သာမကပဲ တင်သား ၊မေးရိုး ၊ ရင်သား ၊ ပေါင် အစရှိတဲ့ အစိတ်အပိုင်းတွေကိုလည်း အဆိုပါဆေးရည်တွေ ထိုးသွင်းပေးခဲ့တာကြောင့် သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံးဟာ အုပ်ချပ် ၊ အင်္ဂတေတိုင်တွေလို ဖြစ်သွားခဲ့ရတယ်လို့လဲသိရပါတယ်။ သေချာမလေ့လာ မစူးစမ်းပဲကြုံရာကို အဟုတ်ထင်တဲ့ သူမအတွက်တော့ တကယ်ဆိုးရွားတဲ့ အဖြစ်အပျက်ဆိုကြီးနဲ့ ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

သူမရဲ့ မျက်နှာအရေပြားဟာတင်းရင်းမာကြောပြီး နေထိုင်ရခက်ခဲနေတာကြောင့် ခွဲစိပ်ကုသမှုပြုလုပ်ပေးနိုင်မယ့် ဆရာဝန်တစ်ဦးနဲ့လဲ ပြသဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ သို့သော်သူမရဲ့ အသက် အန္တရာယ်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျက်စီးသွားစေနိုင်တဲ့အတွက် ပြည်လည်ကုသမှုကိုငြင်းပယ်ခဲ့ရတယ်လို့သိရပါတယ်။ ထို့နောက်မှာတော့ ဒေါက်တာ Tery Dubrow နှင့်ဒေါက်တာ Paul Nassif တို့က အာရုံကြောကိုမထိခိုက်စေပဲ သူမရဲ့မျက်နှာကို ခွဲစိတ်မှုတွေပြုလုပ်ကာ လပေါင်းများစွာကြာမြင့်သည့်တိုင်အောင် ဂရုစိုက်ကုသမှုတွေပြုလုပ်နေတဲ့အတွက် သူမရဲ့မျက်နှာ ပုံမှန်ပြန်ဖြစ်ဖို့မျှော်လင့်ချက်တွေ များစွာရှင်သန်လာပြီလို့လဲသိရပါတယ်။

source - REF 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။