ကိုရီးယား အကျော်အမော်တစ်ယောက်ဖြစ်တဲ့ လီမင်ဟို ဟာ ကိုရီးယားမှာတင်မဟုတ်ပဲ ဟောလီးဝုတ် က ရုပ်ရှင်စျေးကွက်တွေမှာပါ ရုပ်ရှင်ရိုက်ဖို့မျှော်လင့်နေပါတယ်။

KBS Entertainment Weekly နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာဆိုရင် သူ့အတွက် ဟောလီဝုတ် ရုပ်ရှင်စျေးကွက်သို့ ခြေဆန့်ဖို့ထင်ပြီလို့ပြောပါတယ်။

သူကထပ်ပြီးတော့ 'ကျွန်တော့် သာ အမေရိကန် ရုပ်ရှင်စျေးကွက် ကို ဝင်ခွင့်ရမယ်ဆိုရင်တော့ ကျွန်တော့် အစွမ်းကုန်ကြိုးစားအားထုတ်သွားမှာပါ။' လို့သူ့ဆန္ဒတွေကိုပြောပြသွားပါတယ်။

သူရဲ့ ယခုလက်တလောထွက်ထားတဲ့ 'Gangnam 1970' နဲ့ပတ်သက်ပြီးတော့ လဲသူရဲ့ပထမဦးဆုံး ရုပ်ရှင်ဖြစ်လို့ အစွမ်းကုန်ကြိုးစားထားသော်လဲ သူ့ပရိသတ်တွေမျှော်မှန်းထားသလောက်မဖြစ်မှာကို စိုးရိမ်ပါသေးတယ်လို့လဲပြောထားပါသေးတယ်။

ထိုအင်တာဗျူးတုန်းက 'ကယ်၍ ဒီရုပ်ရှင်နဲ့ဆုရမယ်ဆိုရင် Best New Actor Award ကို လိုချင်ပါတယ်' လို့လဲနောက်သွားပါသေးတယ်။

တကယ်တော့အဲ့ဒီ အင်တာဗျူးဟာ လွန်ခဲ့တဲ့ နှစ် January တုန်းက လုပ်ထားတဲ့ ဟာပါ။ ထူးဆန်းတာက လီမင်ဟိုပြောထားတဲ့ အတိုင်း အကုန်ဖြစ်ခဲ့တာပါပဲ။ သူ့ရဲ့ ရုပ်ရှင်ဟာ တော်တော်ကို အောင်မြင်ခဲ့ သလို Best New Actor Award ကိုလဲ အဲ့ဒီ့ ကားနဲ့ရခဲ့ပါသေးတယ်။ ဟောလီးဝုတ်ရုပ်ရှင်စျေးကွက်ကို လဲ ဝင်ချင်တယ်လို့ပြောတဲ့ လီမင်ဟို အတွက် နာမည်ကြီးမင်းသား Brad Pitt ပါမယ့် Raid ဆိုတဲ့ ရုပ်ရှင်မှာ ပါဖို့အတွက် ကမ်းလှမ်းခြင်းခံရသော်လဲ ထိုအခွင့်အရေးကို လက်မခံခဲ့ပါဘူး။ ပြောချင်တာကတော့ နာမည်ကြီးမင်းသားတစ်ယောက်အတွက် ဘယ်ကိစ္စမဆို လွယ်ကူပြီးဖြစ်နိုင်တာကိုပါပဲ။

translated by Anna

Source: kpopherald

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။