ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယားနိုင်ငံဟာ ပဉ္စမအကြိမ်မြောက် ဒုံးကျဉ်စမ်းသပ်မှုကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

သူတို့ပြုလုပ်ခဲ့တာကတော့ သြဂုတ်လ ၉ ရက်နေ့မနက်ပိုင်းမှာဖြစ်ပြီး ဒုံးကျဉ်နှစ်စင်းကို ပင်လယ်ထဲပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းဒုံးကျဉ်နှစ်စင်းကို မြောက်ကိုရီးယားဟာ တောင်ဟမ်ဂယောင်ပြည်နယ်ထဲကနေ ဂျပန်ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ မြောက်ကိုရီးယားသမ္မတဆီကနေ အင်မတန်နှစ်သက်ဖွယ် စာတစောင်ကို ရရှိထားတယ်လို့ ပြောကြားပြီးနောက်မှာ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့် ၎င်းဒုံကျဉ်တွေက ဘာအမျိုးအစားတွေဖြစ်တယ်ဆိုတာတော့ သိရှိရခြင်းမရှိသေးပါဘူး။

တောင်ကိုရီးယားစစ်တပ်ကတော့ မြောက်ကိုရီးယား ပစ်လွှတ်ခဲ့တဲ့ ၎င်းဒုံးကျဉ်နှစ်စင်းဟာ တာတိုပစ် ဒုံးကျဉ်ဖြစ်ပုံရတယ်လို့ ပြောကြားထားကြောင်း သိရပါတယ်။

Source –ABC News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။