ပြည်တွင်းအဆက်မပျက်ရွာသွန်းနေတဲ့ မိုးရေတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိမယ်ထင်ပါတယ်။ ဆိုးရွားတဲ့မိုးရွာသွန်းမှုတွေကြောင့် နေအိမ်စွန့်ခွာသူတွေများစွာရှိနေပြီး အသက်ဆုံးရှုံးခဲ့သူတွေလည်း ရှိနေကြောင်း သိရပါတယ်။ အဆိုပါ ရေကြီးနစ်မြုပ်မှုတွေထဲမှာ မွန်ပြည်နယ်နဲ့အတူ ပဲခူးတိုင်းဒေသကြီးလည်း ပါဝင်လျှက်ရှိကြောင်း သိရပါတယ်။  

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် ဩဂုတ်လ ၁၀ ရက်နေ့မှ ဩဂုတ်လ ၁၂ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အတွင်း ဌာနဆိုင်ရာရုံး ၉ ရုံး ရန်ကုန်-ပြည်လမ်းဘေးရှိ အထက်တန်းကျောင်း၊ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ လူနေအိမ် (၈၀၉) လုံး ခန့်နှင့် ကျေးရွာ အုပ်စု (၂) အုပ်စုရှိ လူနေအိမ် (၉၃) လုံးခန့် စုစုပေါင်းနေအိမ် (၉၀၂) လုံးခန့် ရေဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ နေရာများမှာ အခြားအခြားသောဒေသများထက်ပိုမို၍ မိုးရွာသွန်းမှုများပြားလာပါက နှစ်စဉ်ရေဝင်ရောက်လေ့ ရှိသော နေရာများဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါ ရေဝင်ရောက်မှုကြောင့် ဩဂုတ် ၁၂ ရက်နံနက် ၁ဝ နာရီမှစတင်၍ ရန်ကုန်-ပြည်ကားလမ်းနှင့် မီးရထား လမ်းပေါ်တို့တွင် ပေါင်းတည်အထကကျောင်း ကျောင်းရှေ့ မိုင်တိုင်အမှတ် ၁၄၂/၅ မှ ၁၄၂/၆ အထိ လမ်းမပေါ်တွင် (၈) လက်မခန့် ရေကျော်လျက်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ယာဉ်များ အသွားအလာ အဆင်ပြေ လွယ်ကူစွာမောင်းနှင်နိင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရေဝင်ရောက်မှုကြောင့် မြို့နယ်အထက်တန်းကျောင်းမှာ ပိတ်ထား ရကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရပါတယ်။

SOURCE - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။