ဂျာမန်ထိပ်သီးကလပ်တစ်ခုဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အင်တာမီလန်အသင်းရဲ့တောင်ပံကစားသမား ပါရီစစ်ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ပါရီစစ်ကိုတော့ တစ်နှစ်အငှားစာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ရာသီကုန်မှာ အပြီးသတ်စာချုပ်ချုပ်ဖို့ လည်း ပါဝင်နေတာဖြစ်ပါတယ်။

ပါရီစစ်ကိုတော့ ၄.၆သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းကအနားယူသွားတဲ့ ရော်ဘင်နဲ့ရီဘာရီတို့နေရာမှာအစားထိုးဖို့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်အသင်းဟာ ပါရီစစ်ကို မခေါ်ယူခဲ့စဉ်က ဆာနေးကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် ဒဏ်ရာရသွားတာကြောင့်ခေါ်ယူဖို့ မဖြစ်နိုင်တော့တာဖြစ်ပါတယ်။ပါရီစစ်ဟာ ဒေါ့မွန်နဲ့ ဝုဖ်ဘတ်အသင်းတို့မှာကစားခဲ့ဘူးတာကြောင့် ဂျာမန်မြေကို တစ်ကျော့ပြန် လာတော့မှာဖြစ်ပါတယ်။

ပါရီစစ်ဟာ အင်တာမီလန်အသင်းမှာ ၄နှစ်ကြာစကားခဲ့တာဖြစ်ပြီး ပွဲပေါင်း၁၆၀ ကျော်ကစားကာ ဂိုး၄၀နီးပါးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်အသင်းဟာ ဒီနှစ်မှာအသင်းရဲ့အဓိကကစားသမားတွေမရှိတော့တာကြောင့် အကောင်းဆုံးလူငယ်ကစားသမားတွေကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။