အောင်လအန်ဆန်းရဲ့ ညီတပည့်ဖြစ်သူတွေထဲမှာ အတော်ဆုံးနဲ့ အကောင်းဆုံးဖိုက်တာတွေကတော့ အနည်းငယ်လောက်သာ ရှိပါတယ်။ အဆိုပါ ညီတပည့်တွေထဲမှာ ထီရယ်ထန်းကတော့ နပမ်းပညာမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး နပမ်းပွဲပေါင်း ၅၀၀ နီးပါး အနိုင်ယူထားကာ ဖရီးစတိုင်လ်နဲ့ ဂရီကို-ရိုမန် နပမ်းနယူးယောက်ပြည်နယ်မှာ ချန်ပီယံတစ်ဦးဖြစ်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ပထမဆုံး One Championship ပြိုင်ပွဲမှာလည်း အနိုင်ရလဒ်တစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

လက်ရှိ အောင်လအန်ဆန်းနဲ့အတူ လေ့ကျင့်လျှက်ရှိပြီး နည်းပြဆရာများစွာနဲ့ ပူးတွဲခေါ်၍လေ့ကျင့်ပေးလျှက်ရှိတာတွေ့ရပါတယ်။ အောင်လအန်ဆန်းကတော့ ထီရယ်ထန်ကို ညီအကိုတစ်ယောက်လိုချစ်သလို သူတက်ကျွမ်းထားတဲ့ ပညာရပ်တွေကိုလည်း အမြဲသင်ကြားပေးလျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီက အောင်လအန်ဆန်းကတော့ ထီရယ်ထန်ရဲ့ လေ့ကျင့်မှုဗီဒီယိုဖိုင်လေးတစ်ခုကိုပြသခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးထဲမှာ ထီရယ်ထန်ကတော့ ပြည်ပ နည်းပြတစ်ဦးနဲ့အတူ ပူးတွဲလေ့ကျင့်နေပြီး မကြာမီယှဉ်ပြိုင်မည့်ပြိုင်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ကြောင်းသိရပါတယ်။ MMA လောကရဲ့ ကြယ်တစ်ပွင့်ဖြစ်လာနိုင်တဲ့ ထီရယ်ထန်ရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်အတွက် မျှဝေပေးလိုက်ပါတယ်။

VIDE0 - AUNG LA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။