ကစ်ဘောင်ဆင်လောကရဲ့ ထိပ်တန်းစာရင်းဝင်ဖိုက်တာ ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ ပက်ကွီအိုတို့ကို ပရိသတ်တွေလည်း သိမယ်ထင်ပါတယ်။

ပြိုင်စံရှားဖိုက်တာကြီးတစ်ဦးဖြစ်ပြီး ဘောင်ဆင်လောကမှာလည်း နှစ်ရှည်လများ နာမည်စိုက်ထူနိုင်နေသူလည်းဖြစ်ပါတယ်။  

ပက်ကွီအိုကတော့ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးဖြစ်ပြီး ကစ်ဘောင်ဆင်လောကကို နှစ်ရှည်ကြာမြင့်စွာဖြတ်သန်းခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။ လေးစားစရာကောင်းတဲ့ ဖိလစ်ပိုင်သူရဲကောင်းတစ်ဦးဖြစ်သလို နိုင်ငံတစ်နိုင်ငံလုံးရဲ့ လေးစားအားကျရတဲ့ ဖိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။ ပက်ကွီအိုကတော့ သူ့ရဲ့ဘဝတစ်လျှောက်မှာ ကြိုးစားဖူးတဲ့ လက်ဝှေ့ပြိုင်ပွဲမှ ရရှိမှုငွေကြေးတွေကို အမြဲလှူဒါန်းလေ့ရှိတာတွေ့ရပါတယ်။  

အောင်မြင်မှုများစွာနဲ့ မွေးရပ်မြေဖိလစ်ပိုင်ကို တစ်ခေါက်ပြန်လည်ရောက်ရှိလာတိုင်း ရရှိခဲ့တဲ့ ဝင်ငွေတွေထဲက တစ်ဝက်ကျော်ကျော်ကို နိုင်ငံအတွင်း ချို့တဲ့ပြည်သူတွေကို လှူဒါန်းလေ့ရှိပါတယ်။ " ကျွန်တော့်ရဲ့ ဝင်ငွေတစ်ဝက်ကို မရှိချို့တဲ့သူတွေကို အမြဲလှူဒါန်းလေ့ရှိပါတယ်။ ဒါနဲ့ပတ်သတ်ပြီး လူသိရှင်ကြား မကြေညာချင်ခဲ့တာပဲရှိတာပါ " လို့ မန်နီကနေ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ ငွေကြေးတွေကတော့ လက်ဝှေ့ထိုးမှုမှရရှိခဲ့တဲ့ ဆုငွေတွေကို တဝတ်တိတိလှူဒါန်းခဲ့ကြတာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ ပက်ကွီအိုဟာ ဆင်းရဲတဲ့မိသားစုကနေ ကြီးပြင်းလာရတဲ့အတွက် ချို့တဲ့သူတွေဘက်ကို စာနာသနားတာဟာ မထူးဆန်းပါဘူး။ Forbes မဂ္ဂဇင်းရဲ့ ပြောကြားချက်အရတော့ မန်နီရဲ့ ဝင်ငွေဟာ အသားတင် ဒေါ်လာသန်း၅ဝဝလောက်ရှိပြီး တစ်ဝက်လောက်ကို မရှိဆင်းရဲသားတွေဆီ အမြဲလှူဒါန်းလေ့ရှိတယ်လို့ ဆိုပါတယ်။

Source : viral4real

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။