AFF U18 ပြိုင်ပွဲဝင်မြန်မာအသင်းကတော့ ဒီနေ့မှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာအုပ်စုဗိုလ်ဖြစ်ဖို့ ဆိုအနိုင်လိုအပ်နေတာကြောင့်အကောင်းဆုံးကစားသွားခဲ့ပြီး တစ်ဖက်တစ်ဂိုးစီနဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ဒီပွဲမှာတော့ နှစ်သင်းလုံးဟာ အကောင်းဆုံးကစားခဲ့တာကြောင့် ပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။

ဒီပွဲမတိုင်ခင်ကတည်းက နှစ်သင်းလုံးဟာဆီမီးဖိုင်နယ်တက်ရောက်ပြီးသားဖြစ်ပေမယ့် အုပ်စုဗိုလ်ဖြစ်ဖို့အတွက်အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ပထမပိုင်းမှာအင်ဒိုနီးရှားအသင်းကမြန်မာအသင်းကိုဖိအားပေးကစားခဲ့ပေမယ့် မြန်မာအသင်းနောက်တန်းနဲ့ဂိုးသမားလက်စွမ်းပြမှုတွေကြောင့်ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေသာကျခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့မြန်မာအသင်းကစားပုံကောင်းတွေပြသနိုင်ခဲ့ပြီး မိနစ်၅၀မှာ မြန်မာအသင်းဦးဆောင်ဂိုးရခဲ့ပါတယ်။မြန်မာအသင်းဦးဆောင်ဂိုးရပြီးနောက်ပိုင်းမှာတော့ အင်ဒိုအသင်းဟာ ခြေပဂိုးရဖို့ကို ဖိအားပေးကစားခဲ့တာဖြစ်ပါတယ်။အင်ဒိုအသင်းကဖိအားပေးရင်းနဲ့ ၆၈မိနစ်မှာတော့ အင်ဒိုအသင်းခြေပဂိုးရခဲ့ပါတယ်။တစ်ဖက်တစ်ဂိုးသရေကျနေချိန်မှာ ပွဲကမြိုင်ဆိုင်ခဲ့ပေမယ့် ပွဲကစားချိန်ပြီးတဲ့အထိထပ်ဂိုးမသွင်းနိုင်တော့တာကြောင့် ပွဲအပြီးမှာ သရေရလဒ်နဲ့သာပြီးဆုံးခဲ့ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။