AFF UEFA Assist ဖိတ်ခေါ်ဖလားယှဉ်ပြိုင်ကျင်းပတဲ့မြန်မာအသင်းကတော့အဖွင့်ပွဲအဖြစ် အင်ဒိုနီးရှားအသင်းနဲ့ကစားခဲ့ပြီး(ဝ-၂)နဲ့ရှုံးနိမ့်ခဲ့ပါတယ်။မြန်မာအသင်းဟာဒီအဖွင့်ပွဲမှာအနိုင်ရဖို့ကြိုးစားခဲ့ပေမယ့် ဂိုးရမယ့်အခွင့်အရေးတွေအသုံးမချနိုင်တာကြောင့်ရှုံးနိမ့်ခဲ့ရတာပါ။

ပွဲစတာနဲ့နှစ်သင်းလုံးကတော့အနိုင်ရဖို့အတွက်ကစားသွားပြီးပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်ပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။အင်ဒိုနီးရှားအသင်းကတော့ကစားကွက်အသာနဲ့ မြန်မြန်ဆန်ဆန်ကစားခဲ့တာကြောင့်မြန်မာအသင်းကစားကွက်ကိုပုံဖော်ဖို့ခက်ခဲခဲ့ရတာပါ။

ဒါကြောင့်အင်ဒိုအသင်းဦးဆောင်ဂိုး၂ဂိုးကိုမြန်မြန်ရခဲ့တာဖြစ်ပါတယ်။ဦးဆောင်ဂိုးပေးရပြီး မြန်မာအသင်းကခြေပဂိုးရဖို့ကစားခဲ့ပေမယ့်လည်းအဆုံးသတ်မသေချာခဲ့တာကြောင့်ဂိုးတွေမရခဲ့တာပါ။အာစီယံယူ၁၅ပြိုင်ပွဲပြီးမကြာခင်ကစားရတာကြောင့်နှစ်သင်းလုံးကတော့ပွဲပန်းနေခဲ့ပါတယ်။နည်းပြသစ်ခန့်အပ်ပြီးတစ်ပတ်အကြာမှာကစားခဲ့တာဆိုပေမယ့်ပိုကောင်းတဲ့ခြေစွမ်းတွေကိုတော့နောက်ပွဲတွေမှာတွေ့မြင်နိုင်တာပါ။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။