ဗီယက်နမ်နိုင်ငံမှာကျင်းပတဲ့ AFF U18 ပြိုင်ပွဲဝင်မြန်မာအသင်းအုပ်စုပွဲတွေကတော့ပြီးဆုံးသွားခဲ့ပါပြီ။မြန်မာအသင်းဟာအုပ်စု၄ပွဲကစားပြီးချိန်မှာ အင်ဒိုနီးရှားအသင်းနဲ့တူရမှတ်၁၃မှတ်ဂိုးကွာခြားချက်ကြောင့်ဒုတိယနေရာနဲ့ဆီမီးဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

မြန်မာအသင်းဟာအုပ်စုနောက်ဆုံးပွဲအဖြစ် အင်ဒိုနီးရှားအသင်းနဲ့ကစားခဲ့ပြီးတစ်ဖက်တစ်ဂိုးစီနဲ့သရေရလဒ်ထွက်ပေါ်ခဲ့တာပါ။ဒီပွဲစဉ်မှာမြန်မာအသင်းဟာအရင်ပွဲတွေကထက်ပိုကောင်းမွန်တဲ့ခြေစွမ်းမျိုးကိုပြသနိုင်ခဲ့ပြီးဦးဆောင်ဂိုးအရင်ရရှိခဲ့တာပါ။အင်ဒိုအသင်းကလည်းခြေပဂိုးရဖို့ကြိုးစားရင်းနဲ့ပြစ်ဒဏ်ဘောကနေတိုက်ရိုက်သွင်းယူပြီးခြေပဂိုးသွင်းယူခဲ့တာကြောင့်သရေရလဒ်နဲ့သာပြီးဆုံးသွားခဲ့ပါတယ်။

မြန်မာအသင်းဟာဆီမီးဖိုင်နယ်မှာတစ်ဖက်အုပ်စုကအသင်းတွေပွဲစဉ်မပြီးသေးတာကြောင့် အသင်းမသိရသေးတာဖြစ်ပါတယ်။တစ်ဖက်အုပ်စုမှာတော့ထိပ်သီးအသင်းတွေပါဝင်နေတာကြောင့်မြန်မာအသင်းအနေနဲ့ခက်ခဲစွာကစားရမှာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်း မြန်မာအသင်းရဲ့ဆီမီးဖိုင်နယ်ကိုအားပေးရင်း အင်ဒိုနဲ့ပွဲကသွင်းဂိုး videoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:MFF

Video:Next Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။