မြန်မာ့လက်ရွေးစင်ကစားသမားအောင်သူကတော့ ထိုင်းပရီးမီးယားလိဒ်ကလပ်မြောင်တောင်အသင်းမှာကစားနေတာဖြစ်ပါတယ်။အောင်သူဟာမြောင်တောင်အသင်းမှာပွဲထွက်ခွင့်ရဖို့ရုန်းကန်ရပြီး လူစားလဲကစားခွင့်တောင်ရဖို့ခက်ခဲတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တုန်းကလူစားလဲကစားခွင့်တွေပွဲထွက်ခွင့်ရရှိပေမယ့် ခုနောက်ပိုင်းမှာတော့ပျောက်ဆုံးနေတာဖြစ်ပါတယ်။

အောင်သူဟာမြောင်တောင်အသင်းအတွက်ပါဝင်ကစားခွင့်ရတဲ့ပွဲတွေတိုင်းမှာ ခြေစွမ်းပြပြီးအသင်းကိုအနိုင်ရလဒ်တွေယူဆောင်ပေးတဲ့ကစားသမားပါ။ဒါကြောင့် ပရိသတ်တွေကလည်းအောင်သူ့ကိုပွဲထုတ်ဖို့ တောင်းဆိုကြပေမယ့် နည်းပြကတော့ အောင်သူ့ကိုပွဲမထုတ်ပဲအရံမှာသာရှိစေတာပါ။ဒါကြောင့် အောင်သူ့ကိုပွဲထွက်ခွင့်မပေးတဲ့နည်းပြအပေါ်မေးခွန်းထုတ်မှုတွေရှိနေတာပါ။

ခုမှာတော့မြောင်တောင်အသင်းနည်းပြကအောင်သူ့ကိုပွဲမထုတ်တဲ့အပေါ်ပရိသတ်တွေကိုပြောသွားခဲ့ပါတယ်။မြောင်တောင်အသင်းနည်းပြကတော့"သူရဲ့ ခြေစွမ်းဟာ ထိုင်းလိဒ် အပြင် တခြား အာရှ ထပ်သီး နဲ့ ဥရောပ တွေမှာ ကစားလို့ရကြောင်း ကျွန်တော်ကိုယ်တိုင်လဲသူ့ကစားဟန်ကို နှစ်သက်ကြောင်း ပွဲတစ်ပွဲမှာ အောင်သူ ဟာ အလွန်အရေးကြီးကြောင်း "အောင်သူကို ပွဲထွက်မထည့်တာ နားလည်ပေးကျပါဆိုပြီးပရိသတ်တွေကိုရှင်းပြသွားတာဖြစ်ပါတယ်။

Source:Aung Thu Fan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။