ပရိသတ်ကြီးကို ဒီတစ်ခါဖာ်ပြပေးချင်တာကတော့ အိန္ဒိယနိုင်ငံ ကမိန်းကလေးတစ်ယောက်ရဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်ကလေးတစ်ခုအကြောင်းပါ။ သူမရဲ့ နာမည်ကတော့ Rani ဖြစ်ပြီး ယခုအခါမှာတော့ အသက် ၂၅နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ Rani ဟာ အသက် ၁၅နှစ်တုန်းက လက်နက်ကိုင်သောင်းကျန်းသူ တစ်ဦးရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာပါ။ ထို တိုက်ခိုက်ခဲ့တဲ့ ယောကျာ်းရဲ့ အသက်ဟာ အာ့တုန်းက ၂၈နှစ်ဖြစ်ပြီး Rani အပေါ်ကို တစ်ဖက်သတ်ချစ်နေတာလည်း ဖြစ်ပါတယ်။

ဒီအမျိုးသားဟာ Rani ကို လက်ထပ်ဖို့ ငြင်းပယ်ခံလိုက်ရတာကြောင့် Rani ကို စိတ်နာပြီးလက်စားချေဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။တစ်နေ့မှာတော့ Rani ဟာ စာမေးပွဲဖြေပြီး ပြန်လာတဲ့အချိန်မှာ ထိုအမျိုးသားက သူ့သူငယ်ချင်းနဲ့ အတူ ဆိုင်ကယ်စီးလာပြီး Rani ကို အက်ဆစ်ဖြင့် ပက်ခဲ့ပါတယ်။ အဆိုပါ အက်ဆစ်နဲ့ ပက်ခဲ့တဲ့ အတွက်ကြောင့် သူမရဲ့ ခြေထောက်နဲ့ မျက်နှာတစ်ခုလုံးလောင် ကျွမ်းသွားခဲ့ရပါတယ်။ ပိုပီးဆိုးသွားတာက အက်ဆစ်နဲ့ အပက်ခံလိုက်ရတာ ကြောင့် သူမရဲ့ မျက်စိနှစ်ခုလုံး အလင်းကွယ်ခဲ့ရပါတယ်။

သူမကို အချိန်မီဆေးရုံကို ပို့ပေးခဲ့ကြပေမယ့်လည်း တိုက်ခိုက်တဲ့ အက်စစ်က အရမ်းပြင်းထန်လွန်းတာကြောင့် သူမရဲ့ မျက်နှာကို အကောင်းအတိုင်း ပြန်ဖြစ်နိုင်ဖို့ မကုသပေးနိုင်ခဲ့ပါဘူး။ သူမကို အက်စစ်နဲ့ ပက်ခဲ့တဲ့ အမျိုးသားကိုတော့ အချိန်မှီဖမ်းဆိးနိုင်ခဲ့ပြီး ရဲစခန်းကို ပို့နိုင်ခဲ့ပါတယ်။ Rani ဟာ သူမရဲ့ ပျက်စီးသွားတာကို စိတ်မပျက်ပဲ ဘဝကို ကြံ့ကြံ့ခံကာ ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံတရားက မျက်နှာသာပေးခဲ့မှုကြောင့် သူမကို တစ်ကယ်ချစ်ပြီး ဂရုစိုက်ပေးမယ့် အမျိုးသားကို တွေ့၇ှိခဲ့ကာ ထိုသူနဲ့ပဲ လက်ထပ်ခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သူမဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က ဓာတ်ပုံကိုထုတ်ပြခဲ့ပြီး ယခုလက်ရှိမျက်နှာနဲ့ အလွန်အမင်းကွာခြားနေပေမယ့်လည်း ဘဝကို အရှုံးမပေးပဲ ကြံ့ကြံ့ခိုင်ဖြတ်သန်းနေထိုင်ခဲ့လဲဆိုတာ လူတိုင်းကို ပညာပေးချင်တဲ့ အတွက် ထုတ်ဖော်ပြသခဲ့တာလည်း ဖြစ်ပါတယ်။

Source : No One Cares

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။