လက်တလော ပြည်တွင်းရေကြီးမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေလည်း သိရှိကြမယ်ထင်ပါတယ်။ ရေကြီးမှုတွေကြောင့် သေဆုံးမှုတွေနဲ့အတူ နေအိမ်စွန့်ခွာကာ ရေဘေးရှောင်အဖြစ်ခိုလှုံနေရသူတွေများစွာရှိနေကြောင်း သိရပါတယ်။ ရေကြီးမှုကြောင့် အစားအစာ၊ အဝတ်အထည်တွေနဲ့ ဆေးဝါးလိုအပ်ချက်တွေများစွာရှိနေပြီး အလှူရှင်တွေလည်း သွားရောက်လှူဒါန်းလေ့ရှိတာတွေ့ရပါတယ်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးများကြောင့် ယာယီကယ်ဆယ်ရေး စခန်းများတွင် ပြောင်းရွှေ့နေထိုင်ကြသည့် ပြည်သူများအား သြဂုတ်လ(၁၄)ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့မှုများကို တာဝန်ရှိသူများက ယာယီကယ်ဆယ်ရေး စခန်းများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား သွားရောက် ထောက်ပံ့ခဲ့ကြောင်းသိရပါတယ်။ 

မြိတ်မြို့နယ်တွင် သြဂုတ်လ(၁)ရက်မှ (၁၄)ရက်အထိ သဘာဝဘေးများကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ်(၈)လုံးနှင့် လုံးဝပျက်စီးနေအိမ် (၁၇)လုံးရှိခဲ့ပြီး သဘာဝဘေးကြောင့် ယာယီ ကယ်ဆယ်ရေး စခန်း(၆)ခု ဖွင့်လှစ်ထားရှိကာ ပြောင်းရွှေ့ နေထိုင်သူ အိမ်ထောင်စု(၂၆၇)စု လူဦးရေ (၁၄၀၉)ဦးရှိကြောင်းသိရပါတယ်။ အဆိုပါ ပျက်စီးနေအိမ်များကို ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်ဦးလျှင် တစ်နေ့စားသုံးရန် ဆန်(၂)ဗူး၊ ခေါက်ဆွဲခြောက် (၂)ထုပ်၊ ရေ(၂)လီတာ၊ ကြက်ဥ(၁)လုံး တို့ကို (၇)ရက်စာ ထောက်ပံ့ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရပါတယ်။ 

သဘာဝဘေးများကြောင့် ယာယီကယ်ဆယ်ရေးစခန်း၌ နေထိုင်ကြသူများအား တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုများကို ယာယီကယ်ဆယ်ရေး စခန်းများရှိ သဘာဝဘေးသင့် ပြည်သူများအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုနှင့် တာဝန်ရှိသူများက အားပေးစကားများ ပြောကြားကြ၍ အိမ်ထောင်စုလူဦးရေအလိုက် လတ်တလော ထောက်ပံ့သည့် ဆန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရပါတယ်။ ထောက်ပံ့မှုတွေဆက်တိုက်ပြုလုပ်နေမှုတွေထဲက ပုံရိပ်အချို့ကိုချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

SOURCE - moi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။