AFF U18 ပြိုင်ပွဲဝင်မြန်မာယူ၁၈အသင်းကတော့ ပြိုင်ပွဲမှာအုပ်စုပွဲတွေယှဉ်ပြိုင်ကစားခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။မြန်မာအသင်းဟာအုပ်စုအတွင်း၅ပွဲကစားခဲ့ရာ ၄ပွဲနိုင်တစ်ပွဲသရေ ရမှတ်၁၃မှတ်နဲ့ ဆီမီးဖိုင်နယ်ကိုတက်ရောက်လာတာဖြစ်ပါတယ်။

မြန်မာအသင်းကတော့ ဆီမီးဖိုင်နယ်မှာ အာရှအင်အားကြီး သြစတြေးလျနဲ့ သြဂုတ် ၁၇ ရက်၊ မြန်မာစံတော်ချိန် ည ၇:၀၀ နာရီတွင် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။သြစတြေးလျအသင်းဟာ အုပ်စု (ခ)မှာ ရမှတ် ၁၂နဲ့အုပ်စုဗိုလ်အဖြစ်ဆီမီးဖိုင်နယ်ကိုတက်ရောက်လာတာဖြစ်ပါတယ်။ဘောလုံးအင်အားကြီးနိုင်ငံဖြစ်တဲ့ သြစတြေးလျကိုတော့ မြန်မာအသင်းအနေနဲ့ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။

အရပ်အမောင်းနဲ့ ဘောလုံးစကေးတွေကွာခြားမှုရှိပေမယ့် မြန်မာအသင်းကလည်း ဦးစိုးမြတ်မင်းလက်ထက်မှာ ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့ မြန်မာအသင်းအတွက်လည်း ပရိသတ်တွေကဒီပြိုင်ပွဲမှာ အောင်မြင်မှုတွေရဖို့မျှော်မှန်းနေတာဖြစ်ပါတယ်။အောင်မြင်မှုတွေယူပြီးအမိမြေပြန်လာဖို့ ခက်ခက်ခဲခဲကြိုးစားရမယ့် မြန်မာယူ၁၈အသင်းကိုလည်းအားပေးစကားတွေနဲ့ အားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။