ဂျူဗင်တပ်အသင်းမှာ ခြေစွမ်းပြဂိုးတွေနဲ့တူတူ အသင်းကိုရောက်ရောက်ခြင်းနှစ်မှာတင် အမှတ်ပေးဖလားရအောင်စွမ်းဆောင်ပေးနိုင်တာကတော့ ရော်နယ်ဒိုပဲဖြစ်ပါတယ်။ကမ္ဘာ့အကောင်းဆုံးကစားသမားလို့သတ်မှတ်ခံထားရတာဖြစ်ပြီး စံချိန်တော်တော်များများကိုလည်း တင်ထားတဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။

သူကတော့ခုချိန်မှာ ရာသီမစတင်သေးတာကြောင့် အသင်းနဲ့တူတူခြေစမ်းပွဲတွေကစားလိုက်လေ့ကျင့်ခန်းတွေဆင်းရင်းရှိနေတာဖြစ်ပါတယ်။အားလပ်အချိန်လေးမှာလည်း မိသားစုနဲ့အချိန်ပေးပြီးပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေတာဖြစ်ပါတယ်။သူရဲ့ ချစ်သူဂျော်ရီနာနဲ့ သားလေးကလည်း ရော်နယ်ဒိုရဲ့ အရေးကြီးတဲ့ ပွဲတွေမှာ ကိုယ်တိုင်လာရောက်အားပေးရင်းစိတ်ဓာတ်ခွန်အားတွေပေးတဲ့သူတွေဖြစ်ပါတယ်။

အဲ့လိုစိတ်ဓာတ်ခွန်အားတွေပေးတဲ့ ချစ်သူမျိုးကိုရထားတဲ့ ရော်နယ်ဒိုကတော့ ခုမှာလည်း ချစ်သူဂျော်ရီနာရဲ့ အကြင်နာတွေနဲ့ အနားယူနေတာဖြစ်ပါတယ်။လေ့ကျင့်ခန်းတွေဆင်းထားရတာကြောင့်တင်းမာနေတဲ့ ကြွက်သွားတွေကို ဂျော်ရီနာက စိတ်ရှည်ရှည်နဲ့ စက်ကိုအသုံးပြုပြီး ဖြေလျော့ပေးနေတာဖြစ်ပါတယ်။ပရိသတ်တွေလည်း ရော်နယ်ဒိုကိုဘယ်လောက်တောင်ချစ်လဲဆိုတာအထင်းသားပေါ်လွင်စေတဲ့ video လေးကိုလည်း အားကျဖွယ်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Cristiano Ronaldo


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။