ဘောလုံးအားကစားနည်းဟာပရိသတ်တွေကိုစိတ်ဝင်စားစရာကောင်းအောင်ရင်ခုန်အောင်လုပ်နိုင်တာကြောင့်ပွဲစဉ်တိုင်းဟာပရိသတ်အပြည့်နဲ့အောင်မြင်နေတာပါ။တစ်သင်းနဲ့တစ်သင်းပြိုင်ဆိုင်မှုပြင်းထန်တာတွေကလည်းပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ရသလိုပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်ကစားသမားအချင်းချင်းကတောက်ကဆတွေဖြစ်တာကလည်းပွဲကိုပိုမြိုင်ဆိုင်စေတာပါ။

ဒါကြောင့် အသင်းတိုင်းဟာနိုင်ပွဲရယူဖို့ကြိုးစားရင်းနဲ့ ပရိသတ်တွေမမျှော်လင့်တဲ့အဖြစ်ပျက်မျိုးတွေကြုံတွေ့ခဲ့ရတာပါ။အဆိုပါအဖြစ်ပျက်တွေကြောင့်ယခုအချိန်ထိ ပရိသတ်တွေမမေ့နိုင်ပဲဝမ်းနည်းမှတ်တမ်းတွေက ရှိနေတာပါ။ခုနောက်ပိုင်းမှာတော့ အဆိုပါဆိုးရွားတဲ့ပုံရိပ်တွေကြောင့် ကစားသမားတွေအတွက် စည်းကမ်းတွေ ဒဏ်ကြေးတွေ ထုတ်ထားပေမယ့် ဖြစ်နေတုန်းပဲဖြစ်ပါတယ်။

ခုမှာလည်း ပရိသတ်တွေအတွက် ဘောလုံးပွဲစဉ်တွေထဲက အဆိုးဝါးဆုံးရန်ပွဲတွေအကြောင်းကို ပရိသတ်တွေအတွက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ အင်ဒိုနီးရှား ပြည်တွင်းလိဒ်ပြိုင်ပွဲရဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီး အားကစားစိတ်ဓာတ်မရှိတဲ့လုပ်ရက်တွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ပရိသတ်တွေလည်းဘယ်လောက်တောင်လူစိတ်ပျောက်ပြီး ရန်တွေဖြစ်ခဲ့ကြတဲ့ ကွင်းအတွင်း video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:Various news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။