လေ့ကျင့်ကွင်းမှာဒဏ်ရာရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့ခြေစမ်းပွဲတွေနဲ့ လာလီဂါအဖွင့်ပွဲကိုတောင်လွဲချော်ဖွယ်ရှိနေတဲ့ မက်ဆီကတော့ခုမှာ လေ့ကျင့်ခန်းတွေကို အားတက်သရောလေ့ကျင့်နေတာဖြစ်ပါတယ်။သူ့ရဲ့ဒဏ်ရာကိုအမြန်ကောင်းမွန်ပြီး ကြံ့ခိုင်မှုပြည့်ဝဖို့အတွက် မြက်ခင်းပြင်းမှာတင်မဟုတ်ပဲသဲကွင်းမှာပါလေ့ကျင့်နေတာဖြစ်ပါတယ်။

မက်ဆီကတော့ ရာသီသစ်မှာပိုကောင်းမွန်ပြီး ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ကစားသမားတစ်ယောက်ရဲ့ခြေစွမ်းတွေကိုပြသဖို့ လေ့ကျင့်ခန်းတွေကိုသူများနဲ့မတူအောင်လုပ်နေတာပါ။ဆွဲအားပြင်းတဲ့ သဲတွေထဲမှာ ဘောလုံးကိုအားပါပါနဲ့ကန်ချက်တွေကိုလေ့ကျင့်နေတာကလည်း ရာသီသစ်မှာအသင်းပရိသတ်တွေအတွက်အားရစရာပဲဖြစ်ပါတယ်။

မက်ဆီကတော့လာမယ့်ရာသီချန်ပီယံလိဒ်မှာ ဖလားရရှိအောင်စွမ်းဆောင်ပေးမယ်ဟု ပရိသတ်တွေကို ဂတိပေးထားတာဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေမျှော်လင့်နေသလိုဆုဖလားတွေနဲ့အောင်မြင်မှုတွေရနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်း ဘာစီလိုနာအသင်းအတွက် မက်ဆီတစ်ယောက် ဘယ်လိုတောင်ကြိုးစားနေလဲဆိုတာကတော့ အောက်က video လေးကို ကြည့်ပြီးအားပေးကြပါဦးနော်။

SOURCE:

OTRO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။