ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ အာစီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်မြန်မာအမျိုးသမီးအသင်းကတော့ အဖွင့်ပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ( ၇-၀ ) ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။မြန်မာအမျိုးသမီးအသင်းကတော့ ပွဲစတာနဲ့အင်ဒိုနီးရှားအသင်းကို တစ်ဖက်သက်တိုက်စစ်ဆင်ပြီးကစားခဲ့တာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းကတော့အာရှထိပ်သီးတွေထဲကတစ်သင်းဖြစ်တာကြောင့် အင်ဒိုနီးရှားအသင်းအနေနဲ့ဘယ်လိုမှယှဉ်မကစားနိုင်ပဲဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာပထမပိုင်းမှာကတည်းက၄ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။မြန်မာအသင်းရဲ့ဂိုးတွေကိုတော့ Ye Ye Oo - 3’,27’၊ Khaing Thazin - 16’ ၊Khin Moe Wai - 45' တို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာဒုတိယပိုင်းမှာလည်းခြေစွမ်းကိုအကောင်းဆုံးအနေထားမှာကစားခဲ့ပြီး ဂိုးတွေဆက်သွင်းယူနိုင်ခဲ့ပါတယ်။မြန်မာအသင်းအတွက်ဂိုးတွေကိုတော့win Theingi tun - 66 ' ၊Khin malar tun - 75' ၊Ye Ye Oo -၉၀ မိနစ်တွေမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာတော့ တိုက်စစ်မှူးရီရီဦးက ၃ဂိုးသွင်းယူပေးခဲ့ပါတယ်။မြန်မာအသင်းဟာဒုတိယပွဲစဉ်အနေနဲ့ ၁၈ရက်နေ့မှာ ကမ္ဘောဒီးယားအသင်းနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။