ပြည်တွင်းရေကြီးမှုတွေထဲမှာ အဆိုဆုံးဖြစ်ခဲ့တဲ့ မွန်ပြည်နယ်အတွင်း ရေကြီးမှုနဲ့ မြေပြိုမှုကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ လူသေဆုံးမှုတွေများစွာဖြစ်ပေါ်နေတဲ့ မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအတွင်းရှိ မြေပြိုပြိုမှုကတော့ အဆိုးဆုံးဖြစ်ရပ်တစ်ခုဖြစ်ပြီး လက်ရှိသေဆုံးသူပေါင်း ၆၉ ဦးအထိရှိနေပြီဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ မွန်ပြည်နယ် ပေါင်မြို့နယ်မြေပြိုမှုကို အဆက်မပျက်ရှာဖွေမှုတွေပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။

ဒီကနေ့ နေ့လည် ၃ နာရီ ၃၄ မိနစ်မှာတော့ သေဆုံးသူ ရုပ်အလောင်း (၄)လောင်း ထပ်မံရှာတွေ့ခဲ့ပြီး စုစုပေါင်း သေဆုံးုသူ ၆၉ ဦးအထိရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။  

ရှာဖွေမှုတွေကို နေရာအနှံ့ဆက်လက်လုပ်ဆောင်လျှက်ရှိပြီး ကယ်ဆယ်သူတွေလည်း ထပ်မံကြိုးစားလျှက်ရှိကြောင်း သိရပါတယ်။ မြေပြိုမှုဖြစ်စဉ်မှ ယနေ့အထိ ရုပ်အလောင်းတွေရှာဖွေတွေ့ရှိနေသေးတဲ့ မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာမှ သေဆုံးသူတွေရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

PHOTOS - MYANMAR FIRE S D 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။