မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကနောက်ခံကစားသမားဖြစ်တဲ့ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ရေကြီးမှုတွေနဲ့ပတ်သတ်ပြီးဝမ်းနည်းစကားတွေပြောသွားခဲ့ပါတယ်။ဇော်မင်းထွန်းနဲ့တူတူ သူ့ကစားနေတဲ့ထိုင်းပရီးမီးယားလိဒ်ကလပ်ချောင်ဘူရီအသင်းကလည်းဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံရေဘေးအန္တရာယ်ဖြစ်နေတဲ့နေရာတွေမှာရှိတဲ့ မိဘပြည်သူတွေကိုအထူးစိုးရိမ်မိပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ညီကိုမောင်နှမ၊အသင်းဖော်တာဝန်ရှိသူတွေကိုယ်စား ဘေးအန္တရာယ်အမြန်ဆုံးကင်းဝေးပါစေဆိုပြီးဆုတောင်းပေးခဲ့တာပါ။မကြာခင်ကမြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ရေကြီးမှုတွေကြောင့် အသက်အိုးအိမ်ဆုံးရှုံးမှုတွေအများဆုံးကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

ဇော်မင်းထွန်းပါဝင်နေတဲ့ ချောင်ဘူရီအသင်းဟာထိုင်းပရီးမီးယားလိဒ်မှာ အဆင့်၇နေရာမှာရပ်တည်နေတာပါ။ဇော်မင်းထွန်းကလည်းအသင်းမှာအရေးပါတဲ့သူတစ်ယောက်အဖြစ်ရပ်တည်နေပြီးပွဲထွက်ကစားခွင့်ရနေတာပါ။အသင်းအတွက်ဂိုးတွေလည်းသွင်းယူနေတာကြောင့်ပရိသတ်တွေချစ်နေရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ပရိသတ်တွေလည်းတိုင်းတစ်ပါးမှာ မြန်မာကစားသမားတွေရဲ့ခြေစွမ်းတွေပြနိုင်ဖို့ကြိုးစားနေတဲ့ဇော်မင်းထွန်းကိုလည်းအားပေးကြပါဦးနော်။

Source:Chonburi FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။