မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ အာရှ ဥရောပလူငယ်ဘောလုံးပြိုင်ပွဲဒုတိယပွဲစဉ်အဖြစ်မြန်မာအသင်းဟာတောင်ကိုရီးယားအသင်းနဲ့ကစားခဲ့ပြီး(၁-၃)နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ပထမပိုင်းမှာ(၁-၂)နဲ့ရှုံးနိမ့်နေခဲ့တာဖြစ်ပြီးဒုတိယပိုင်းမှာတောင်ကိုရီးယားအသင်းကတစ်ဂိုးပဲသွင်းယူနိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာဒီနေ့ပွဲစဉ်မှာ အင်ဒိုနီးရှားကိုရှုံးတဲ့နေ့ကခြေစွမ်းထက်ပိုကောင်းလာတာကိုတွေ့ရပါတယ်။နည်းပြသစ်ဦးမင်းသူရဲ့လက်ထက်မှာ ခြေစွမ်းတွေသိသိသာသာတိုးလာခဲ့တာကိုမြင်တွေ့ခဲ့ကြရပြီဖြစ်ပါတယ်။နည်းပြသစ်နဲ့လေ့ကျင့်ချိန်တစ်ပတ်သာကြာမြင့်ပေမယ့် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာပါ။အရပ်အမောင်းမြင့်မားတဲ့တောင်ကိုရီးယားအသင်းကဖိအားပေးကစားခဲ့ပြီးဦးဆောင်ဂိုးတွေသွင်းခဲ့ပေမယ့် မြန်မာအသင်းရဲ့တန်ပြန်တိုက်စစ်ကလည်းအကောင်းဆုံးဖြစ်ခဲ့ပြီး ပထမပိုင်းအပြီးမှာတောင်ကိုရီးယားက(၁-၂)နဲ့အနိုင်ရနေတာပါ။

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းကခြေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့်တောင်ကိုရီးယားအသင်းကပဲအကောင်းဆုံးကစားသွားနိုင်ခဲ့တာပါ။ဒီနေ့ပွဲမှာတောင်ကိုရီးယားအသင်းတိုက်စစ်တွေကိုမြန်မာနောက်တန်းနဲ့ဂိုးသမားကအကောင်းဆုံးကစားသွားခဲ့တာပါ။တောင်ကိုရီးယားရဲ့ဒုတိယပိုင်းတိုက်စစ်တွေမှာမြန်မာအသင်းအနေနဲ့တစ်ဂိုးသာပေးခဲ့ရတာဖြစ်ပါတယ်။မြန်မာအသင်းဟာတောင်ကိုရီးယားကိုအပြန်အလှန်ကစားရင်းနဲ့ပဲပွဲအပြီးမှာ(၁-၃)နဲ့ပွဲပြီးဆုံးခဲ့တာပါ။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။