AFF U18 ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ဒီနေ့မှာယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။ဆီမီးဖိုင်နယ်တွေထဲက ပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်တဲ့ သြစတြေးလျအသင်းနဲ့မြန်မာအသင်းတို့ပွဲစဉ်ကိုတော့မြန်မာစံတော်ချိန်၇နာရီမှာယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။ဒီနှစ်သင်းလုံးကတော့ အုပ်စုပွဲစဉ်တွေမှာ ရှုံးပွဲမရှိပဲရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ဆီမီးဖိုင်နယ်ကိုရောက်ရှိလာတာပါ။

မြန်မာအသင်းဟာ အာစီယံယူ၁ဂပြိုင်ပွဲမှာ ရလဒ်ကောင်းတွေပိုင်ဆိုင်ထားတာဖြစ်ပြီး ခြေစွမ်းပိုင်းအရအကောင်းဆုံးအနေထားမှာရှိနေတာပါ။သြစတြေးလျအသင်းကလည်းအာရှအင်အားကြီးပီပီ ဘောလုံးစွမ်းရည်ရော အရပ်အမောင်းပိုင်းမှာကမြန်မာအသင်းထက်သာလွန်နေတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ပွဲစဉ်ကတော့မြန်မာအသင်းအတွက်ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာတော့မှာပါ။

အောင်မြင်မှုတွေနဲ့ဝေးကွာနေတာကြောင့်ဆုဖလားတွေသိမ်းပိုက်နိုင်ဖို့ကြိုးစားနေတဲ့ မြန်မာအသင်းကလည်း ဒီနေ့ပွဲကိုအနိုင်ရဖို့စိတ်အားထက်သန်နေတာပါ။ပွဲရဲ့နောက်ဆုံးအချိန်ထိကစားသမားတွေရဲ့စိတ်ဓာတ်နဲ့ဆို ဘာမလိုဖြစ်သွားနိုင်တဲ့အနေအထားပဲဖြစ်ပါတယ်။ပရိသတ်တွေလည်း အင်အားကြီးအသင်းဖြစ်ပေမယ့် အမာထန်ဆုံးစိတ်ဓာတ်တွေနဲ့ သြစတြေးလျကိုရေကုန်ရေခန်းကစားမယ့် မြန်မာအသင်းရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်ကိုလည်းအားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။