လက်ရှိအထိမပြီးသတ်သေးတဲ့ ရှမ်းပြည်နယ်အတွင်းက ပစ်ခတ်မှုဖြစ်စဉ်တွေကို ပရိသတ်တွေလည်း ကြားသိကြမယ်ထင်ပါတယ်။ အဆိုပါ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူတွေများစွာရှိနေပြီး ဖမ်းဆီးခံထားရသူတွေလည်း ရှိနေကြောင်း သိရပါတယ်။ ၎င်းစစ်ဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေအဆက်မပျက်ပြုလုပ်နေရပြီး သူဆုံးသူများထိခိုက်ဒဏ်ရာရရှိသူတွေကို ကူညီပေးလျှက်ရှိတာပဲဖြသ်ပါတယ်။

သြဂုတ် ၁ ရက်နေ့ ဒီကနေ့မှာလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားနေတဲ့ တိမ်ဖြူစက်သုံးဆီဆိုင်ကို လားရှိုးလူငယ် လူနာတင်ကားသွားရောက်ကယ်ဆယ်ရာမှ သောင်းကျန်းသူများရဲ့လက်နက်ကြီး ပစ်ခတ်နေတာကြောင့် တိမ်ဖြူစက်သုံးဆီအကျော်တွင် လက်နက်ကြီးထိမှန်ပြီး ဥက္ကဌဖြစ်သူ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ရှော့တိုက်မိုင်းလို့ ယူဆရတဲ့ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး လူနာတင်ကားနဲ့ ပါလာတဲ့သူတွေ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

တိမ်ဖြူစက်သုံးဆီ ဝန်ထမ်းတစ်ဦးက "မနက် ၉ နာရီမှာ အစိမ်းရောင်စစ်ဝတ်စုံဝတ် လူနှစ်ယောက် ဆိုင်ကယ်နဲ့ ရောက်လာပြီးတော့ စက်တွေပိတ်ခိုင်းတာ။ လူမထိလို့ တော်သေးတယ်။ ဆီပိုက်တွေဆွဲပြီး ချတာ။ မီးစက်တွေလည်း မပိတ်ခိုင်းဘူး" လို့ ပြောပါတယ်။ လူနာတင်ကားဟာ လမ်းရဲ့ ဘယ်ဖက်ခြမ်းကို တိမ်းမှောက်ခဲ့ပြီး ညာဖက်ခြမ်းမှာလဲ ပေါက်ကွဲမှုဖြစ်တဲ့ဘေးမှာ ဆိုင်ကယ်တစ်စီးလဲ ထိခိုက်ပျက်စီးနေသလို မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးလဲ ရှိနေသေးကြောင်း သိရပါတယ်။

Credit ~ သတင်း/ဓာတ်ပုံ- မိုင်းရူကော၊ မိုင်းအနိုင်၊ ရွှေဖီမြေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။