ပရီးမီးယားလိဒ်ပွဲစဉ်တွေထဲကစနေနေ့နဲ့အကောင်းဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားတဲ့မန်စီးတီးအသင်းနဲ့စပါးအသင်းတို့ပွဲမှာတော့တစ်ဖက်(၂-၂)နဲ့သရေကျသွားခဲ့ပါတယ်။ဒီပွဲစဉ်ကတော့ တစ်ကယ့်ကိုပြိုင်ဆိုင်မှုပြင်းထန်ပြီး ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။နှစ်သင်းလုံးကလည်းလူစုံတက်စုံနဲ့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိချန်ပီယံမန်စီးတီးအသင်းကတော့ပွဲစတာနဲ့တိုက်စစ်ကိုအားပြုပြီးကစားခဲ့တာဖြစ်ပါတယ်။ပွဲစပြီးမိနစ်၂၀မှာပဲဒီနှစ်မှာခြေစွမ်းတွေပြနေတဲ့ စတာလင်ကဦးဆောင်ဂိုးကိုသွင်းယူခဲ့ပါတယ်။ဦးဆောင်ဂိုးပေးပြီးနောက်ပိုင်းစပါးအသင်းကခြေဂိုးရဖို့ကြိုးစားရင်း၂၃မိနစ်မှာE Lamela ကခြေပဂိုးသွင်းယူခဲ့တာကြောင့်ပွဲကတော့မြိုင်ဆိုင်နေခဲ့ပါတယ်။မန်စီးတီးအသင်းကလည်းဆက်တိုက်ဆိုသလိုတိုက်စစ်ဆင်ရင်းပထမပိုင်းအချိန်ပိုမှာအဂူရိုကဦးဆောင်ဂိုးသွင်းခဲ့တာကြောင့်ပထမပိုင်းမှာ(၂-၁)နဲ့အနိုင်ရနေတာပါ။

ဒုတိယပိုင်းပွဲစတာနဲ့လည်းမန်စီးတီးအသင်းကဦးဆောင်ဂိုးတွေရဖို့ကြိုးစားပေမယ့်လည်းစပါးနောက်တန်းကအကောင်းဆုံးရှင်းထုတ်နိုင်ခဲ့တာပါ။စပါးအသင်းကလည်းတစ်ချက်တစ်ချက်ထိုးဖောက်ရင်း၅၆မိနစ်မှာ လူးကပ်စ်မိုရာကခြေပဂိုးသွင်းယူပေးခဲ့ပြီး၂ဂိုးစီသရေကျခဲ့တာပါ။ကျန်ပွဲကစားချိန်တွေမှာလည်းနှစ်သင်းလုံးဂိုးတွေရဖို့ကြိုးစားရင်းပွဲအပြီးမှာ(၂-၂)နဲ့သရေကျခဲပါတယ်။

Source:Manchester City

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။