ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ အာစီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်မြန်မာအမျိုးသမီးအသင်းကတော့ဒီနေ့မှာဒုတိယပွဲစဉ်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ဒီနေ့မှာတော့မြန်မာအသင်းဟာကမ္ဘောဒီးယားအသင်းနဲ့ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းနဲ့ကမ္ဘောဒီးယားအမျိုးသမီးအသင်းတို့ဟာတွေ့ဆုံမှုရှားပါးတဲ့အသင်းတွေဖြစ်ကြပါတယ်။

မြန်မာအသင်းဟာအဖွင့်ပွဲမှာအင်ဒိုနီးရှားအသင်းကို၇ဂိုးပြတ်နဲ့အနိုင်ရရှိထားတာဖြစ်ပါတယ်။တစ်ဖက်ကမ္ဘောဒီးယားအသင်းကတော့ဗီယက်နမ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့် မြန်မာအသင်းနဲ့ခြေစွမ်းကွာဟမှုကတော့ရှိနေတာပါ။မြန်မာအသင်းကတော့ဒီပြိုင်ပွဲမှာ လူငယ်တွေနဲ့ပေါင်းစပ်ထားတာဖြစ်တာကြောင့် ကစားကွက်ကတော့ အကောင်းဆုံးအမြန်ဆုံးမှာရှိနေတာပါ။

အုပ်စုနောက်ဆုံးပွဲမှာ ဗီယက်နမ်အသင်းနဲ့တွေ့ဆုံရမှာဖြစ်တာကြောင့် ဒီပွဲမှာမြန်မာအသင်းလူငယ်တွေနဲ့ပွဲထွက်ဖို့ရှိနေတာပါ။မြန်မာအမျိုးသမီးအသင်းနဲ့ကမ္ဘောဒီးယားအမျိုးသမီးအသင်းတို့ပွဲစဉ်ကိုတော့ဒီနေ့ညနေ၅နာရီခွဲမှာယှဉ်ပြိုင်ကစားမှာဖြစ်တာကြောင့် ပရိသတ်တွေလည်းအားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။