မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲကြီးကတော့ ပြီးဆုံးဖို့ပွဲတွေသိပ်မကျန်တော့တဲ့အချိန်မှာ ရင်ခုန်စရာအချိန်တွေရောက်ရှိလာပါပြီ။ချန်ပီယံဆုအတွက်အပြိုင်အဆိုင်ဖြစ်နေတဲ့ ရှမ်းယူနိုက်တက်၊ရန်ကုန်ယူနိုက်တက်နဲ့ဧရာဝတီယူနိုက်တက်အသင်းတို့ကတော့အပြိုင်ဖြစ်နေကြတာပါ။ဒီနေ့မှာတော့ မြန်မာနေရှင်နယ်လိဒ်အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေတဲ့ ရှမ်းယူနိုက်တက်အသင်းကတော့မကွေးအသင်းကိုအိမ်ကွင်းမှာလက်ခံကစားရတော့မှာဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာလက်ရှိအမှတ်ပေးဇယားမှာ ရန်ကုန်အသင်းကိုတစ်ပွဲလျော့ရမှတ်တူနဲ့အမှတ်ပေးဇယားအပေါ်မှာရပ်တည်နေတာဖြစ်ပါတယ်။ဒီနေ့ပွဲသာရှမ်းယူနိုက်တက်အသင်းသာအနိုင်ရရှိခဲ့ပါကချန်ပီယံဆုကိုဆွတ်ခူးဖို့အကောင်းဆုံးအခြေအနေတွေပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။လက်ကျန်ပွဲတစ်ပွဲသာကျန်တော့တာကြောင့်ဒီနေ့မကွေးအသင်းနဲ့ပွဲဟာအရေးကြီးဆုံးဖြစ်နေတာပြီးအမှားခံလို့မရတော့တာပါ။

မကွေးအသင်းဟာလည်းတန်းဆင်းဇုန်ကလွတ်မြောက်ခဲ့တာကြောင့်ဒီပွဲကိုဖိအားမရှိပဲကစားမှာဖြစ်ပါတယ်။နှစ်သင်းတွေ့ဆုံမှုတိုင်းလည်း ပြိုင်ဆိုင်မှုပြင်းထန်ပြီး ပထမအကျော့တုန်းကတော့ ရှမ်းအသင်းက(၁-ဝ)နဲ့အနိုင်ရထားတာပါ။ဒါကြောင့်လအိမ်ကွင်းပရိသတ်အပြည့်နဲ့ချန်ပီယံဆုအတွက်ဘယ်လိုတွေစွမ်းဆောင်သွားမလဲဆိုတာကတော့ ညနေ(၃:၃၀)မှာစောင့်မျှော်အားပေးကြပါဦးနော်။

Source:Shan United 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။