ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ မိန်းကလေးတွေ အတွက်အရေးပါတဲ့ သတင်းလေးလို့ ဆိုရင်မှားမယ်မထင်ပါဖူးနော်...။ အိပ်ချိန်လေးမှာ အလေ့အကျင့်လေးလုပ်ပြီး ပြုလုပ်ရုံဖြင့် ဝိတ်ကျစေမယ့် နည်းလမ်းဖြစ်ပါတယ်....။ ကယ်လိုရီ ၃၀၀မှ ၄၀၀ကြားလောက်ကို ဘန်းပေးမှာဖြစ်ပါတယ်....။ ပထမဦးဆုံးနည်းလမ်းလေးကတော့ အိပ်တဲ့အခါမှာ အေးမျှနေစေမယ့် အခန်းလေးကိုရွေးချယ်သင့်ပါတယ်....။

မအိပ်ခင် အချိန်လေးမှာ စပျစ်သီးအချိုရည်ကို တစ်ငုံလောက်သောက်ပေးရမှာဖြစ်ပါတယ်...။ ထိုသို့သောက်သုံးခြင်းဖြင့် ပရိသတ်ကြီးရဲ့ အဆီပိုတွေကို လျှော့ချပေးမှာဖြစ်ပါတယ်....။ နောက်ထပ်နည်းလမ်းလေးကတော့ အိပ်တဲ့အချိန်နဲ့ ထတဲ့အချိန် မှန်ကန်ရမှာဖြစ်ပါတယ်....။ ထိုသို့လုပ်ဆောင်ခြင်းကလည်း ခန္ဓာကိုယ်သွယ်လျဖို့ အထောက်အကူပြုစေပါတယ်...။

ညအိပ်တဲ့အချိန်မှာ အာရုံစိုက်ပြီး လုပ်ရမယ့်အလုပ်တွေကို လျှော့ရမှာဖြစ်ပါတယ်...။ မျက်စိကို ထိခိုက်စေရုံသာမက ကိုယ်အလေးချိန်ကိုလည်း တက်စေလို့ဖြစ်ပါတယ်.....။ မအိပ်ခင်အချိန်လေးမှာ ကိုယ်ခံအားကောင်းစေမယ့် လေ့ကျင့်ခန်းလေးကိုလုပ်ပြီး အိပ်ခြင်းဖြင့်လည်း စာဖတ်ပရိသတ်ကြီးကို နှစ်ခြိုက်စွာ အိပ်စေရုံသာမက ဝိတ်ကျမယ့် အကျိုးကျေးဇူးကိုရရှိစေမှာပါ....။ ဆေးဖက်ဝင် လက်ဖက်ရည်မျိုးကိုသောက်သုံးပြီး အိပ်ခြင်းဟာလည်း ကိုးရီးယားမလေးတစ်ယောက်လို နုပျိုသွယ်လျစေမှာ အမှန်ပင်ဖြစ်ပါတယ်....။

Source Bright Side 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။