AFF U 18 ပြိုင်ပွဲဝင်မြန်မာယူ၁၈အသင်းကတော့ဒီနေ့ညနေ၄နာရီအချိန်မှာ အင်ဒိုနီးရှားအသင်းနဲ့ တတိယလုပွဲအဖြစ်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် အကောင်းဆုံးကြိုးစားကစားခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာသြစတြေးလျကို ခက်ခက်ခဲခဲကစားပြီးရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ဝေးကွာခဲ့ရတာဖြစ်ပါတယ်။

မြန်မာအသင်းနဲ့တွေ့ဆုံမယ့်အင်ဒိုနီးရှားအသင်းကလည်း မလေးရှားအသင်းကိုဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ပြီး တတိယလုပွဲကိုရောက်ရှိလာတာဖြစ်ပါတယ်။မြန်မာအသင်းနဲ့အင်ဒိုနီးရှားအသင်းတို့ကလည်း အုပ်စုတွင်းမှာတွေ့ဆုံခဲ့ဘူးတာဖြစ်ပြီး တစ်ဖက်တစ်ဂိုးစီ သရေကျထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီတတိယလုပွဲကတော့ ပရိသတ်တွေအကြိုက်ပြိုင်ဆိုင်မှုပြင်းထန်ဦးမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာဒီပြိုင်ပွဲမှာ တစ်ပွဲထက်တစ်ပွဲကောင်းတဲ့ ခြေစွမ်းတွေကိုပြသနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာလည်း အာရှအင်အားကြီးအသင်းကိုတောင် ဂိုးအရင်သွင်းနိုင်တဲ့ ခြေစွမ်းတွေပိုင်ဆိုင်ထားတာပါ။ပရိသတ်တွေကလည်း မြန်မာယူ၁၈အသင်းရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး ချီးကျူးမှုတွေရှိနေတာဖြစ်ပါတယ်။ဒီနေ့ကစားမယ့် တတိယလုပွဲမှာလည်း မြန်မာယူ၁၈အသင်းကိုစောင့်မျှော်အားပေးကြပါဦးနော်။

SOURCE:MFF


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။