နေ့စဉ်နီးပါးကြားသိနေရတဲ့ သတင်းတွေထဲမှာ အမြန်လမ်းမကြီးပေါ်က ယာဉ်တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုတွေကတော့ အတော်များများပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ ရာသီဥတုဆိုးရွားမှုတွေကြောင့် အဖြစ်များလေ့ရှိပြီး လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့အတူ ပျက်ဆီးဆုံးရှုံးမှုတွေကတော့ များစွာရှိနေပါတယ်။  

သြဂုတ်လ ၁၉ ရက်နေ့ ဒီကနေ့ နံနက်ပိုင်းကလည်း အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကတော့ ရန်ကုန် - နေပြည်တော် မိုင်တိုင် ၆၈/၄- ၆၈/၅ ကြားတွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေရှိနေကြောင်း သိရပါတယ်။ 

ဖြစ်စဉ်နဲ့ပတ်သက်ပြီး "သြဂုတ်လ(၁၉)ရက်နံနက်(၀၆၁၅) နာရီချိန်ခန့် နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၆၈/၄-၆၈/ ၅ ကြားတွင် ယာဉ်မောင်း ကိုကျော်ကျော် ၄၀ နှစ် တောင်ကြီးမြို့နယ် နေသူတစ်ဦးတည်းမောင်းနှင်သည့် MDY 5F/----TOYOTA CROWNအဖြူ ရောင်ယာဉ်သည် အဆိုပါမိုင်တိုင်ကြား လမ်းဘေးမြေသားလမ်းပေါ်တွင် ကားရပ်ပြီးနားနေစဉ် လာရားတူမှေ ကိုဇာ်ဇော် ၃၉ နှစ် မေတ္တာညွန့်ရပ်ကွက် တာမွေမြို့နယ်သူ တစ်ဦးတည်း မောင်းနှင်လာသည့် YGN 4E/----MAZDA အဖြူ ရောင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး မြေသားလမ်းပေါ်ရောက်ရှိကာ Toyota နောက်မှ တိုက်မိရျ် ယာဉ်မောင်း ကိုဇော်ဇော် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း " အမြန်လမ်းမကြီးရဲတပ်ဖွဲ့ အုတ်ရှစ်ကုန်းစခန်းမှ တပ်ဖွဲ့ဝင်များ ထံမှ သိရပါတယ်။ ဆိုးဆိုးရွားရွားပျက်ဆီးခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။