မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းကို စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့လာခဲ့တဲ့ တိုက်စစ်မှူး လူကာကူကတော့ အင်တာအသင်းမှာကစားဖို့ ဝိတ်ချရတော့မှာဖြစ်ပါတယ်။သူကတော့ အင်တာအသင်းကိုရောက်ရောက်လာချိန်မှာ 104kg ရှိနေတာကြောင့် 100kg ရှိဖို့လိုအပ်နေတာဖြစ်ပါတယ်။

လူကာကူဟာ ဒီအလေးချိန်နဲ့ဆို အင်တာအသင်းမှာ ကစားဖို့ခက်ခဲနေတာဖြစ်ပါတယ်။တိုက်စစ်မှူးတစ်ယောက်ဖြစ်တာကြောင့် ခန္ဓာကိုယ်အလေးချိန်တွေ လျော့ချဖို့လိုအပ်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်ဖို့လိုအပ်နေတာဖြစ်ပါတယ်။သူကတော့ အင်တာမီလန်အသင်းနဲ့ တူတူ ခြေစမ်းပွဲမှာတော့ပါဝင်ကစားခဲ့ပြီး ၄ဂိုးတောင်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စီးရီးအေပြိုင်ပွဲတွေကို ပါဝင်ကစားဖို့ သူကတော့ ကြိုးစားပြီးလေ့ကျင့်ခန်းတွေ လုပ်နေတာဖြစ်ပါတယ်။လူကာကူကတော့ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပြီး နိုင်ငံအသင်းမှာရော မန်ယူအသင်းအတွက်ပါအရေးပါတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်း ခြေစွမ်းတွေပြနိုင်ဖို့ ပွဲထွက်ခွင့်အတွက် ကြိုးစားလေ့ကျင့်ခန်းတွေလုပ်နေတဲ့ လူကာကူရဲ့ ပုံရိပ်တွေကိုလည်း တင်ဆက်ပေးလိုက်ကပါတယ်။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။