သဘာဝတရားကြီးဟာဆိုရင် ပရိသတ်ကြီး အားလုံးသိကြတဲ့အတိုင်း ဘယ်သူမှထိတ်းချုပ်လို့မရပဲ ဖြစ်ချိန်တန်ရင်ဖြစ်လာတက်သလို ဖြစ်ချင်တဲ့အချိန်လဲ ထထဖြစ်တက်ပါတယ်။ အဲ့လိုမျိုး ဘယ်ချိန်ဘာထဖြစ်မယ်မှန်းမသိတာကြောင့် လူသားတွေအနေနဲ့ ထိတ်လန့်စရာကိစ္စတစ်ခုအဖြစ် ရှိနေပါတယ်။ ခုဆိုရင်လဲ သဘာဝတရားကဖြစ်ပေါ်လာတဲ့ အဆိုးဆုံးဖြစ်စဉ်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 

Earthquake

ငလျင်ဆိုတာ ပရိသတ်ကြီးအားလုံးသိကြတဲ့အတိုင်း ကပ်ဆိုးအကြီးစားကြီးတစ်ခုပါပဲ...မကြာခဏဆိုသလို လူတွေက အဲ့ငလျင်နဲ့ ထိပ်တိုက်တွေ့ရပါတယ်။ ငလျင်ရဲ့ဆိုးရွာချက်ကတော့ တိုက်တွေကို ဖြိုနိုင်ပြီး လူပေါင်းများစွာကိုဆုံးရှုံးစေတာပါပဲ။ 

Sink holes

အဲ့ကားလမ်းပေါ်က အပေါက်တွေကတော့ အရည်ပျော်လွယ်တဲ့ကျောက်တွေကြောင့်ဖြစ်ပေါ်လာရပါတယ်။ အဲ့လိုအရည်ပျော်လွယ်တဲ့ကျောက်တွေကတော့ ထုံးကျောက်၊ carbonate ကျောက် နဲ့ Salt Beds တွေဖြစ်ကြပြီး အဲ့ကျောက်တွေက မြေအောက်ရေနဲ့ထိတဲ့အခါမှာ အရည်ပျော်ပြီး အပေါက်တွေက တဖြည်းဖြည်း ကျယ်ကျယ်လာတာဖြစ်ပါတယ်။၂၀၁၀ ခုနှစ် Guatemala မြို့မှာ အဲ့အပေါက်တွေကြောင့် လူပေါင်း ၅၀သေဆုံးခဲ့ရပါတယ်။

Dust Storms

ဖုန်မုန်တိုင်း သို့မဟုတ် သဲမုန်ုတိုင်းတွေဟာ အားလုံးသိကြတဲ့အတိုင်း ခြောက်သွေ့တဲ့ ဒေသတွေမှာဖြစ်ပေါ်လေ့ရှိပါတယ်။ ခြောက်သွေ့လွန်းတော့ လေပြင်းတွေတိုက်ခိုက်တဲ့အချိန်မှာ အဲ့လေနဲ့အတူ ဖုန်တွေ သဲတွေပါကာ မုန်တိုင်းဖြစ်ပေါ်လာတာပါပဲ။ ဒီမုန်တိုင်းကလဲ လူပေါင်းများစွာကို သတ်နိုင်တဲ့ သတ်ခဲ့တဲ့ မုန်တိုင်းတစ်ခုအဖြစ်သိရှိထားကြပါတယ်။

Droughts

မိုခေါင်ခြင်း ရေခေါင်ခြင်းကလဲ လူသားတွေနဲ့ တိရစ္ဆာန်များစွာကို တော်တော်ဒုက္ခပေးပြီး အသေအကြေများပြားစေပါတယ်။ သမိုင်းတောက်လျောက်အရ သက်ရှိတွေ သန်းနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။

Dirty Thunderstorm

Dirty Thunderstorm ကတော့ ရှားပါးပြီး အသက်ရှူမှားလောက်အောင် ရင်သပ်ရှူမောဖွယ်ကောင်းတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါပဲ။ ဖြစ်ပုံကတော့ ကြီးမားတဲ့ မီးတောင်တစ်ခုပေါက်ကွဲနေစဉ်မှာ လျှပ်စီးတွေ ပစ်ချတာပါပဲ။ သာမန်မိုးကြိုးမုန်တိုင်းနဲ့ Dirty Thunderstorm ကွာခြားပုံကတော့ Ice Crystal တွေ တစ်ခုနဲ့တစ်ခုထိတိုက်ပြီးနောက် အားပြည်စေကာ လျှပ်စီးတွေ ပစ်တာပါပဲ။ 

Source : List 25 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။