မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ မြင်သူတိုင်း နှစ်ခါပြန်ငေးကြည့်ရလောက်အောင် စွဲမက်ဖွယ်အလှတရားတွေနဲ့ ပြီးပြည့်စုံလွန်းသူလေး ဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက်လှပပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်တဲ့ သင်ဇာဝင့်ကျော်က ယောက်ျားလေးပရိသတ်တွေရဲ့ အပြတ်အသတ်ဝန်းရံခြင်းခံနေရတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် သင်ဇာက Sexy ဆန်ဆန်ဖက်ရှင်တွေနဲ့ ပရိသတ်တွေကို သည်းထိတ်ရင်ဖိုဖြစ်သွားအောင် ပြုစားနိုင်တာလည်း ဖြစ်ပါတယ်။

သင်ဇာက တစ်နေ့တစ်ခြား အောင်မြင်မှုတွေပိုတိုးလာတာကြောင့် ကြော်ငြာနဲ့ Photo Shooting တွေကလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း သင်ဇာက မြန်မာတို့ရဲ့နှလုံးသားမြေဖြစ်တဲ့ ပုဂံမြေကို သွားရောက်လည်ပတ်ပြီး အလှပုံရိပ်တွေ ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ သင်ဇာက လုံခြုံမှုအပြည့်အဝရှိပြီး ကျက်သရေရှိရှိ လှပနေတဲ့ မြန်မာဝတ်စုံလေးကို အမြတ်တနိုးဝတ်ဆင်တာ မြင်သူတိုင်းရင်အေးလောက်အောင် လှနေတာ ဖြစ်ပါတယ်။

သင်ဇာရဲ့မြန်မာဆန်ဆန် အလှအပတွေကြောင့် ပုဂံမြေရဲ့အလှတရားတွေက ပိုမိုအသက်ဝင်သွားသလိုတောင် ထင်မှတ်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဇာက Sexy တွေမဝတ်ရင်ဘဲ ရိုးရိုးမြန်မာဝတ်စုံလေးနဲ့တောင်မှ သူမရဲ့အလှတရားတွေက အဆမတန်ညို့အားပြင်းနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ နန်းဆန်လှပတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thin Zar Wint Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။