ပရိသတ်ကြီးရေ မော်ဒယ်လ်မင်းသားချောလေး ပိုင်တံခွန်ကတော့ နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။သူမတူတဲ့ဒီဇိုင်းတွေနဲ့ ဆံပင်ရှည်က ယောက်ျားပီသမှုတွေကို ပေါ်လွင်စေပြီး ချောမောခန့်ညားလွန်းလို့ ပျိုမဒီလေးတွေက သည်းသည်းလှုပ်ကြွေကျနေရတာဖြစ်ပါတယ်။ပိုင်တံခွန်ကလည်း ယခုလက်တလောမှာ ကြော်ငြာတွေအဆက်မပြက်ရိုက်ကူးနေရပြီး ပရိသတ်အင်အားလည်း ပိုမိုတောင့်တင်းလာပါတယ်နော်။

ပိုင်တံခွန်ကို အားပေးကြတဲ့ ပရိသတ်တွေက မြန်မာနိုင်ငံက မိန်းကလေးတွေတင်မဟုတ်ဘဲ ထိုင်းနိုင်ငံက ယိုးဒယားမချောချောလေးတွေကပါ တစ်ခဲနက်အားပေးဝန်းရံကြတာဖြစ်ပါတယ်။အားပေးကြမ်းကြလွန်းတဲ့ ထိုင်းမလေးတွေက မြန်မာနိုင်ငံရဲ့ ရေဘေးကိုလည်း ကိုယ်တိုင်လာရောက်ပြီး လှူဒါန်းသွားကြပါသေးတယ်။မင်းသားချောလေး ပိုင်တံခွန်ရဲ့ အနုပညာစန်းကတော့ တစ်နေ့တစ်ခြားပိုပိုတိုးလာတာကိုတွေ့ရပါတယ်နော်။

ပိုင်တံခွန်ကတော့ လူကလည်းချောမောသလို စိတ်ထားလေးကလည်း ဖြူစင်နူးညံ့တာကြောင့် သတ္တဝါလေးတွေအပေါ်မှာ သနားညှာတာတတ်တဲ့စိတ်အပြည့်ရှိပါတယ်။ပိုင်တံခွန်က တိရိစ္ဆာန်လေးတွေကိုအရမ်းချစ်တာကြောင့် ကြောင်လေးတွေကို အိမ်မှာအများကြီးမွေးထားပြီး ခွေးလေးတွေကိုလည်းချစ်တတ်ပါသေးတယ်။အခုဆိုရင်တော့ ပိုင်တံခွန်က ခွေးလေးတွေနဲ့အတူထမင်းအတူတူစားပြီး သနားကြင်နာနေတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။