အကယ်ဒမီဆုရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးခိုင်သင်းကြည်ကို တတိုင်းပြည်လုံးရှိ ပရိသတ်တွေက ချစ်စနိုးနဲ့ မခိုင်လေးဆိုပြီး ခေါ်ကြတာပါ...။ သူမက ချစ်ခင်ပွန်းနဲ့အတူ သမီးချော စံထိပ်ထားဦးကို ပိုင်ဆိုင်ထားကာ အနုပညာလောကမှာကော၊ ပညာရေးဘက်မှာပါ ထူးချွန်ထက်မြတ်အောင် သင်ကြားပို့သပေးနေတာဖြစ်ပါတယ်...။ ခိုင်သင်းကြည်က တစ်ခေတ်တစ်ခါ မြန်မာ့ဗီဒီယိုရုပ်ရှင်လောကမှာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အခုလက်ရှိ အချိန်အထိ နာမည်တစ်လုံးနဲ့ ရပ်တည်နေတာဖြစ်ပါတယ်....။

ခိုင်သင်းကြည်က အခုလတ်တလောမှာဆိုရင် "Myanmar Got Talent" မှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်....။ အခြား ဒိုင်တွေဖြစ်ကြတဲ့ ဒါရိုက်တာမောင်သီ၊ မောင်မောင်အေး၊ အကယ်ဒမီမို့မို့မြင့်အောင်တို့နဲ့အတူ ခင်မင်ရင်းနှီးစွာ အကဲဖြတ်နေကြတာဖြစ်ပါတယ်...။ မခိုင်လေးက ကြော်ငြာမဂ္ဂင်းတွေ၊ photo shooting တွေကိုလက်ခံရိုက်ကူးလျက်ရှိပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ အတွက်လည်း ကြိုးစားပြင်ဆင်နေတာဖြစ်ပါတယ်....။ မခိုင်လေးတို့ မိသားစုကအပန်းဖြေခရီးတွေလည်းထွက်ခဲ့ကြပြီး အမှတ်တရပုံရိပ်တွေ ရိုက်ကူးတင်ဆက်ခဲ့တာပါ...။

မခိုင်လေးက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးခဲ့တာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း မနေ့ညက got talent ပွဲလေးတုန်းမှာ ရိုက်ကူးခဲ့တဲ့ အနီဝမ်းဆက်နဲ့ ရဲရဲတောက် အလှပုံရိပ်လေးတွေကို သူမရဲ့ official acc တွင်ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။