ချယ်လ်ဆီး၊အင်တာမီလန်၊ရီးရဲမက်ဒရစ်အသင်းတွေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့မှာ နည်းပြအဖြစ်ကိုင်တွယ်ပြီး အောင်မြင်မှုတွေများစွာယူပေးနိုင်ခဲ့တဲ့ နည်းပြမော်ရင်ဟိုကတော့ ဘောလုံးလောကကိုလွမ်းကြောင်းပြောကြားသွားခဲ့တာပါ။သူကတော့ဘောလုံးလောကကို လွမ်းဆွတ်မိကြောင်းပြောပြနေရင်းနဲ့ မျက်ရည်ပါကျခဲ့တာဖြစ်ပါတယ်။

သူကတော့မန်ချက်စတာယူနိုက်တက်အသင်းကိုနောက်ဆုံးကိုင်တွယ်ပြီးနောက်ပိုင်း ဘောလုံးလောကနဲ့ဝေးကွာခဲ့တာဖြစ်ပါတယ်။အမြဲလိုလို အသင်းကြီးတွေရဲ့နည်းပြအဖြစ်ကိုင်တွယ်ရင်းအောင်မြင်မှုတွေယူပေးနိုင်ခဲ့တဲ့သူကတော့ ခုမှာဘောလုံးလောကနဲ့အဆက်သွယ်ပြတ်ခဲ့တာ နှစ်တွေကြာပြီဖြစ်ခဲ့တာပါ။အောင်မြင်မှုတွေများစွာယူနိုင်ခဲ့တာကြောင့် Special One လို့တောင် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

သူကိုနည်းပြအဖြစ်အသင်းငယ်လေးတွေက ကမ်းလှမ်းခဲ့ပေမယ့် လည်းသူကိုယ်တိုင်က အသင်းကြီးတွေကိုကိုင်တွယ်ချင်တာဖြစ်ပါတယ်။ဒါကြောင့်ခုချိန်ထိ အသင်းလက်မဲ့ဖြစ်နေရတာပါ။ပရိသတ်တွေလည်း မော်ရင်ဟိုတစ်ယောက်ဘယ်လောက်တောင်ဘောလုံးလောကိုလွမ်းနေလဲဆိုတာအောက်က video လေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

Source:

Manchester United Peoples Person

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။