ချစ်ပရိတ်သတ်ကြီးရေ.... လူငယ်ကြိုက်စတူဒီယိုတေးသံရှင်တစ်ယောက်ဖြစ်ပြီးတော့ ပရိတ်သတ်တွေရဲ့အားပေးမှုကိုခိုင်ခိုင်မာမာရရှိထားတဲ့ Hip Hopအဆိုတော် G fattဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲပါပဲနော်။ သူဟာ ရှတတ ကွဲတဲတဲ ထူးထူးခြားခြားအသံလေးနဲ့ ကာရံတွေကိုအချိတ်အဆက်မိမိ သီဆိုတတ်သူတစ်ယောက်ဖြစ်ပါတယ်။

သူဟာ လက်ရှိမှာဆိုရင် အောင်မြင်နေတဲ့ မြန်မာနိုင်ငံထဲက အဆိုတော် အနုပညာရှင်တွေထဲကတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ သူ့ရဲ့ ထွက်သမျှသီချင်းတိုင်းကလည်း လူငယ်တွေကြားမှာရေပန်းစားခဲ့ရတာတွေချည်းပါပဲ။ ဒါကြောင့် သူ့ကိုအားပေးနေတဲ့ အမာခံWe Loveလေးတွေကလည်း အင်အားတောင့်တင်းလွန်းပါတယ် ချစ်ပရိတ်သတ်ကြီးရေ။

သူဟာ လတ်တလောမှာတော့ ပွဲတွေကို တက်ဖြစ်နေတာတွေ့ရပြီးတော့ အခုလည်း Samsung Galaxy Not 10 မိတ်ဆက်ပွဲကို နာမည်ကျော်အနုပညာရှင်တွေနဲ့အတူတက်ရောက်လာခဲ့တာကို တွေ့ရပါတယ်နော်။ လက်ကနေ ဖုန်းလေးကို မချတမ်းသဲကြီးမဲကြီးသုံးရင်းနဲ့ snapတွေထဲမှာတောင် မိုက်နေတဲ့ G fattကြောင့် နှုတ်ခမ်းနီမလေးတွေ အသည်းယားပြီးအချစ်ပိုခဲ့ရပါတယ်နော်။ ကဲ... အမြဲတမ်းလန်းနေတဲ့ G fattတစ်ယောက် အထာကျကျစတိုင်လေးနဲ့ ပွဲတက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : G Fatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။