ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်ဆယ်လီစုံတွဲဖြစ်တဲ့ မင်းသားချောဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီတို့ စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်ပြီး မြတ်နိုးကြင်နာမှုလေးတွေနဲ့အတူ ပရိသတ်တွေကို အမြဲအားကျချစ်ခင်စေတဲ့ ဆယ်လီစုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

အနုပညာအလုပ်တွေကို အတူလက်တွဲညီညီလုပ်ဆောင်နေကြတဲ့ သူတို့စုံတွဲလေးကတော့ အနုပညာလောကမှာ ပရော်ဖက်ရှင်နယ် ပီသမှုတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားကြတဲ့ပြည်သူ့အချစ်တော် အနုပညာရှင်တွေပါပဲနော်..။


ခီမောင်နှံလို့ အားလုံးချစ်စနိုးခေါ်ကြတဲ့ ဇဏ်ခီနဲ့ ခရစ္စတီနားခီတို့ စုံတွဲလေးကတော့ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိကြပြီး အခုတစ်ခါမှာလည်း We Love အဖွဲ့သားတွေနဲ့အတူ ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေတွေ လှူဒါန်းလိုက်တာ တွေ့ရပါတယ်နော်..။

ပြီးခဲ့တဲ့ သြဂုတ်လ(၁၇)ရက်နေ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေအဖြစ် (၃၁၃၀၀၀၀) ကျပ်ကို We Love Zenn Kyi ၊ We Love And Support Kyi Couple (Singapore) အဖွဲ့သားတွေနဲ့အတူ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်နော်..။


ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့ကြတဲ့ အမှတ်တရ ပုံရိပ်လေးတွေကိုလည်း ကျေးဇူးတင်စကားလေးနဲ့အတူ ဇဏ်ခီက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်နော်..။

“တစ်တပ်တစ်အားပါဝင်လှူဒါန်းကြတဲ့ Our Actor Zenn Kyi, We Love Zenn Kyi နှင့် We Love And Support Kyi Couple (Singapore) အဖွဲ့များ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

ဒုက္ခရောက်နေသူများအားလုံး အမြန်ဆုံး အဆင်ပြေ ချမ်းမြေ့ကြပါစေ..” ဆိုပြိး ဆုတောင်းစကားလေးလည်း ပြောထားတာ တွေ့ရပါတယ်နော်..။

Photo - ဇဏ်ခီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။