လောကမှာ လူသားတွေပဲဖြစ်ဖြစ် တိရိစ္ဆာန်တွေပဲဖြစ်ဖြစ် သေဆုံးတဲ့အခါမှာ အတိတ်ဘဝက ပါလာတဲ့ ကံတရားအတိုင်း သေဆုံးကြရတာဖြစ်ပြီး ညှင်ညှင်သာသာအသက်ထွက်သွားကြသူတွေနဲ့ မသေခင်မှာ ပြင်းထန်တဲ့ဝေဒနာတွေ ခံစားရကြပြီးမှ သေဆုံးသွားရသူတွေရှိကြပါတယ်။

ယခုတစ်ခေါက်ဖော်ပြေပေးချင်တဲ့ အဖြစ်အပျက်လေးဟာဆိုရင်လည်း မသေခင်မှာ ခွေးအတစ်ကောင်ရဲ့ အရှင်လတ်လတ်အစားခံရပြီး သေဆုံးသွားခဲ့ရတဲ့ ဆတ်ကျွဲကြီးတစ်ကာင်ရဲ့ အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။

ဒီအဖြစ်အပျက်လေးကို မှတ်တမ်းတင်ထားနိုင်တဲ့ ဗီဒီယိုလေးထဲမှာဆိုရင်လည်း ဆတ်ကျွဲကြီးဟာ ခွေးအကို တတ်နိုင်သလောက် ပြန်လည်ခုခံခဲ့ပေမယ့် ခြေထောက်တစ်ဖက် ပြတ်နေသလို ဖြစ်နေတဲ့ သူ့ရဲ့ဒဏ်ရာကြောင့် မခုခံနိုင်ဘဲ ခွေးအပြုသမျှကို နုခဲ့ရတာတွေ့ရပါတယ်။

ခွေးအဟာဆိုရင်လည်း ဆတ်ကျွဲကြီးရဲ့ ဒဏ်ရာရနေတဲ့ ခြေထောက်တဖက်ခြမ်းကို ပါးစပ်နဲ့ကိုက်ကာ အသားတွေကို စွဲဖဲ့ပြီး မြိန်ရေရှက်နေစား သုံးနေတာတွေ့ရပါတယ်။

ဆတ်ကျွဲကြီးခင်ဗျာမှာလည်း ခွေးအရဲ့ အရှင်လတ်လတ် အသားတွေဖဲ့စားတာ ခံနေရပေမယ့် ညိမ်ညိမ်လေးနေပြီး အစားခံနေရုံကလွဲပီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

အဲ့ဒီနောက်မှာတော့ ခွေးအရဲ့စားသုံးမှုကြောင့် ဆတ်ကျွဲကြီးရဲ့ ဗိုက်ထဲက ကလီဆာတွေဟာ အပြင်ကိုထွက်ကျလာခဲ့ပြီး ဆတ်ကျွဲကြီးလည်း နာကျင်မှုတွေခံစားရင်း တဖြေးဖြေးသေဆုံးသွားခဲ့ပါတော့တယ်။

သူ့အနေနဲ့ အတိတ်က ဘာတွေများကျူးလွန်ခဲ့လို့ ဒီဘဝမှာ အသက်ရှင်နေပါသေးရင်နဲ့ အသားတွေကို တဖဲ့ပြီးတဖဲ့ ကိုက်စားခံရပြီး သေဆုံးခဲ့ရတာလဲ မသိဘူးနော်။

Source – Subichero 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။