ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အာဂျင်တီးနား ဘဏ္ဍာရေးဝန်ကြီး နီကိုးလပ်စ် ဒူကိုဗင်ဟာ ရာထူးကနေနှုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

သူကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့မှာ နှုတ်ထွက်သွားခဲ့တာဖြစ်သလို သူ့ရဲ့နုတ်ထွက်မှုကြောင့်တော့ ကြီးကြီးမားမားထိခိုက်တာမျိုးတွေ မရှိသေးပါဘူး။

လက်ရှိအချိန်မှာဆိုရင်လည်း အာဂျင်တီးနားနိုင်ငံရဲ့ ပီဆိုငွေတန်ဖိုးဟာ ကျဆင်းလျက်ရှိနေပြီး ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ ဒူကိုဗင်ကလည်း နှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဒူကိုဗင်ဟာ သူနှုတ်ထွက်ခဲ့ချိန်မှာလည်း သမ္မတထံကို စာတစောင်ပေးပို့ခဲ့ပြီး ၎င်းစာထဲမှာ သူ့ရဲ့ထင်မြင်ချက်တွေအားလုံးကို ရေးသားထားခဲ့တယ်လို့ သိရပါတယ်။

ါ့ကြောင့် အာဂျင်တီးနားသမ္မတ အနေနဲ့လည်း လစ်လပ်သွားတဲ့ ဘဏ္ဍာရေးဝန်ကြီး ရာထူးကို စီးပွားရေးဝန်ကြီးဖြစ်တဲ့ ဟာနန် လာကန်ဇာကို အစားထိုးခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

Source – City News 1130

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။