ပရိသတ်ကြီးရေ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမလေးတစ်ဦးဖြစ်တဲ့ မေတိုးခိုင်ကတော့ တီတီအူဝဲရဲ့ အနုပညာအမွေကိုလက်ဆင့်ကမ်းပြီး အနုပညာလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းလာနေပါပြီနော်။တီတီအူဝဲနဲ့လည်း ကြော်ငြာတွေအတူတူရိုက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးထားပါသေးတယ်။ပရိသတ်တွေကတော့ မေတိုးခိုင်ကို အူဝဲနဲ့ရုပ်ချင်းဆင်တယ်လို့ မှတ်ချက်ပေးကြပါတယ်နော်။

မေတိုးခိုင်က အခုလက်တလောမှာ အနုပညာခြေလှမ်းတွေအရမ်းစိပ်လာတာကိုတွေ့ရပါတယ်။အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်ပြီး တီတီအူဝဲရဲ့ အကြံဉာဏ်ပေးမှုတွေကို နားထောင်တဲ့ တူမလိမ္မာလေးပါနော်။မေတိုးခိုင်က လူငယ်ပီပီ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်ပါးပါးနေထိုင်ပြီး လူငယ်ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာဖြစ်ပါတယ်။

မေတိုးခိုင်ကတော့ အခုနောက်ပိုင်းမှာ ဝတ်တတ်စားတတ်လာပြီး အရမ်းလှလာပါတယ်နော်။အရင်တုန်းကတော့ လူငယ်ဆန်ဆန် ပေါ့ပါးလွတ်လပ်တာလေးတွေကိုဝတ်ပေမယ့်လည်းအရမ်းချစ်စရာကောင်းပါတယ်နော်။အခုဆိုရင်တော့ ပရိသတ်တွေတစ်ခါမှမမြင်ဖူးသေးတဲ့ဖက်ရှင်လေးနဲ့ အရမ်းမိမိုက်နေပြီး ညှို့အားပြင်းနေတဲ့ မေတိုးခိုင်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:May Toe Khine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။