အကသီချင်းဗီဒီယိုလေးတွေ ပြုလုပ်ပြီး လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားလာခဲ့တဲ့ ဖြူဖြူထေးက မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲသို့ ဝင်ရောက်လာပြီဖြစ်ပါတယ်....။ ဖြူဖြူထွေး နာမည်ကြီးခါစအချိန်မှာ ဝေဖန်တိုက်ခိုက်မှုတွေ များစွာရှိခဲ့ပြီး နောက်ပိုင်းမှာတော့ သူမရဲ့ ချစ်စဖွယ်ကောင်းတဲ့ စိတ်ထားလေးကို အားလုံးကသိရှိလာကာ အချစ်တွေနဲ့ပဲ ဝန်းရံအားပေးလာကြာတာဖြစ်ပါတယ်....။ ဖြူဖြူထွေးက မြန်မာဝတ်စုံလေးတွေကို ရိုးယဉ်စွာ ဝတ်ဆင်လေ့ရှိပြီး နန်းဆန်စွာ လှပနေတာဖြစ်ပါတယ်...။

ဖြူဖြူထွေးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ photo shootingနဲ့ ကြော်ငြာမဂ္ဂဇင်းတွေကိုလက်ခံရိုက်ကူးခဲ့ပြီး အခမ်းအနားဖွင့်ပွဲတွေသို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်....။ နယ်လှည့်ဖျော်ဖြေရေးတွေလည်း လုပ်ကိုင်လျက်ရှိပြီး သီချင်းဗီဒီယိုတွေထဲကိုပါ ရိုက်ကူးလာတာဖြစ်ပါတယ်....။ ဖြူဖြူထွေးရဲ့ tik tok ဗီဒီယိုဖိုင်လေးတွေက trend တစ်ခုအနေနဲ့ ရပ်တည်ခဲ့ပြီး အလှူသဒ္ဓါတရားထက်သန်ကြောင်း ထိုဗီဒီယိုဖိုင်လေးတွေကို ကြည့်မယ်ဆိုသိနိုင်မှာဖြစ်ပါတယ်....။

ဖြူဖြူထွေးက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်....။ အခုတစ်ခါမှာဆိုရင်လည်း "MTV Shooting ရိုက်ကူးရေး..." မှာရိုက်ကူးခဲ့တဲ့ အမှတ်ရပုံရိပ်တွေကို သူမရဲ့ official acc တွင်ထုတ်ဖော်ပြသထားပြီး ထွက်လာရင် အားပေးဖို့လည်းဆိုထားပါသေးတယ်...။ Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source Phyu Phyu Htwe  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။