ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုကတော့ တစ်ကမ္ဘာလုံးကပရိသတ်တွေသာမက ကစားသမားအချင်းချင်းတောင်အားကျရတဲ့ကစားသမားဖြစ်ပါတယ်။သူကတော့ ယနေ့အချိန်ထိ အကောင်းဆုံးခြေစွမ်းတွေနဲ့တူတူအသင်းတိုင်းကို အောင်မြင်မှုတွေယူပေးနေတဲ့ကစားသမားပဲဖြစ်ပါတယ်။

သူကတော့ ဘောလုံးလောကမှာအောင်မြင်နေရုံသာမက ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူတို့မိသားစုလေးကလည်း ပရိသတ်တိုင်းအားကျစရာမိသားစုလေးပဲဖြစ်ပါတယ်။သူကတော့ ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးတွေနဲ့ပွေရှုပ်တာနည်းပါးတဲ့ကစားသမားပဲဖြစ်ပါတယ်။

ခုလက်ရှိချစ်သူ ဂျော်ရီနာနဲ့လည်းလက်တွဲခဲ့တာဟာ နှစ်တော်တော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။နှစ်တွေဘယ်လောက်ထိကြာမြင့်သော်လည်း ရော်နယ်ဒို ကတော့ချစ်မဝဖြစ်နေရတာပါ။ဂျော်ရီနာကလည်း မော်ဒယ်တစ်ယောက်ဖြစ်တာကြောင့် ရော်နယ်ဒိုရှောင်လွှဲလို့မရတဲ့ အလှတရားတွေကိုပိုင်ဆိုင်ထားတာပါ။ခုမှာလည်း လေ့ကျင့်ခန်းလုပ်နေတဲ့ ဂျော်ရီနာရဲ့အလှတရားတွေက ရော်နယ်ဒိုကို လှုပ်မရနိုင်အောင် ဖမ်းစားနေတာပါ။ပရိသတ်တွေလည်း ရော်နယ်ဒိုတမ်းတမ်းစွဲနေရတဲ့ ဂျော်ရီနာရဲ့အလှတရားတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:

Georgina.Rodriguez

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။