ပရိသတ်ကြီးရေ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ ဆုပန်ထွာကတော့ နွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ချစ်ခင်ပွန်းကလည်း ဆုပန်ထွာကိုအရမ်းချစ်ပြီး ဂရုစိုက်သလို သားလေးကိုလည်း ဖခင်ကောင်းပီသစွာနဲ့ သေသေချာချာပြုစုပျိုးထောင်ပေးနေတာကြောင့် အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပါတယ်နော်။ဆုပန်ထွာကတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး မိသားစုကိုလည်းအချိန်ပေးပါတယ်။

ဆုပန်ထွာရဲ့မိသားစုလေးက အရမ်းအေးချမ်းပြီး ချစ်စရာကောင်းလို့ ပရိသတ်တွေကပါအားကျပြီးချစ်နေရတာဖြစ်ပါတယ်။မိသားစုသုံးယောက်တည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘဝရဲ့ခရီးကို ပျော်ရွှင်စွာဖြတ်သန်းနေကြတာဖြစ်ပါတယ်။ဆုပန်ထွာရဲ့သားလေး Roar Roar လေးကလည်းမူကြိုကျောင်းတတ်တဲ့အရွယ်ကိုရောက်ရှိနေပြီး ဆုပန်ထွာက သားလေးကို British School Yangon (BSY) မှာကျောင်းထားထားတာဖြစ်ပါတယ်။

ဆုပန်ထွာတို့ ဇနီးမောင်နှံကတော့ သားလေးရဲ့အနာဂတ်တောက်ပဖို့အတွက် သေချာပြင်ဆင်ပြီးဂရုစိုက်ပေးတာဖြစ်ပါတယ်။Roar Roar လေးကတော့ ကျောင်းကသူငယ်ချင်းတွေနဲ့လည်း ခင်ခင်မင်မင်ရှိပြီး ပန်းချီတွေဆွဲ သူငယ်ချင်းတွေနဲ့ဆော့ပြီး ပျော်ရွှင်လို့နေပါတယ်။ဒီနေ့မှာတော့ မေမေဆုပန်ထွာက ကျောင်းလာကြိုပြီး Roar Roar လေးက မေမေ့ကိုပြေးဖက်ကာငိုနေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Source:Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။