body အမိုက်စားနဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ မော်ဒယ်လ်သရုပ်ဆောင် ပိုင်တံခွန်ကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ ချောမောခန့်ညားပြီး ယောကျာ်းပီသတဲ့ အမူအရာတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ စတိုင်အမိုက်စားနဲ့ ဖက်ရှင်အလန်းစားတွေကိုဝတ်ဆင်သူဖြစ်ပြီး သရုပ်ဆောင်ပိုင်နိုင်တာကိုလည်း သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေမှာ မြင်တွေ့နိုင်တော့မှာဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ ကောင်မလေးတွေနဲ့တွဲရိုက်ထားတဲ့ပုံလေးတွေတင်ကာ ပရိသတ်တွေကို အမြဲစနောက်တက်တဲ့ သူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ကောင်မလေးတွေ ရင်ခုန်အချစ်ပိုသွားရလောက်အောင် ကြောင်လေးကို အနမ်းတွေပေးနေတဲ့ အသည်းယားစရာပုံလေးကို သူရဲ့ ဖေ့ဘွတ်အကောင့်လေးမှာဖော်ပြထားတာတွေ့ရပါတယ်။

ပိုင်တံခွန်ရဲ့ ပုံလေးတိုင်းကလည်း ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် နူတ်ခမ်းနီမလေးတွေ ကြွေစေခဲ့တာအမှန်ပဲဖြစ်ပါတယ်။အခုတလောမှာတော့ ပိုင်တံခွန်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးတွက် ပိုင်တံခွန်ရဲ့ပုံလေးကိုမျှဝေပေးလိုက်ပါတယ်။

Source:Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။