ကြွက်တက်ခြင်း "Cramps"သည် လူ၏ခန္ဓာကိုယ်မှ ကြွက်သားများ ပင်ပန်းသွား၍ တင်းလွန်းကာ ဖြစ်ပေါ်လာသော ဝေဒနာပင်ဖြစ်ပါတယ်....။ အားကစားသမားများ အထူးသဖြင့် ဘောလုံးသမားများ ဖြစ်တတ်ပါတယ်...။ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးရှိပါသေးတယ်....။ ခြေသလုံးနှင့် ပေါင်ကအဖြစ်များဆုံးဟု သိရပါတယ်။ အလွန်အင်မတန်နာပြီး...အိပ်နေရင်း နာတာမျိုးက ခြေ၊ လက်ကို အညောင်းဆန့်ရာမှ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာခြင်းဖြစ်ပါတယ်...။ အသက်ကြီးသူတွေ အဖြစ်များသည် ဆိုသော်လည်း ဆယ်ကျော်သက်တွေလည်း ဖြစ်တတ်ပါတယ်....။ အေးသည့်အချိန် ပို၍ဖြစ်တတ်တာမလို့ ဂရုစိုက်ကြရမှာပါ....။

အဝလွန်ခြင်း၊ ရေနှင့် ဓာတ်ဆား နည်းသွားခြင်း၊ ရာသီသွေးဆုံး၊ ဟော်မုန်း နည်းသွားခြင်း၊ သွေးအလျှောက် နည်းခြင်း၊ အာရုံကြော ကြွက်သားတခုခုဖြစ်ခြင်းတို့ကြောင့် ကြွက်တက်ခြင်းကိုဖြစ်ပေါ်စေပါတယ်...။ ကုသနည်းကတော့ ကြွက်တက်လျှင်ဖြစ်သည့် နေရာကို တင်းနေအောင် လုပ်ပေးရမှာပါ။ ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေးသင့်ပါတယ်နော်....။ တအားနှိပ်တာမျိုး၊ ဆန့်ပေးတာမျိုး လုပ်ပေးပြီးလျှင် ကြွက်သားကို သူ့အကြောအတိုင်း ခပ်ဖွဖွဆက်နှိပ်ပေးရမှာဖြစ်ပါတယ်....။

နာသည့်နေရာကို နှိပ်ပြီးတာနှင့် အေးတာကပ်ရမှာဖြစ်ပါတယ်...။ ရေ၊ ဓာတ်ဆားရည် တို့ကိုတိုက်ပေးရမှာဖြစ်ပါတယ်...။ ဘယ်အားကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ...။ ရေကိုများများသောက်ဖို့ မမေ့ပါနဲ့နော်....။ ကြွက်တက်တတ်သူများ အိပ်လျှင် ခြေထောက်အောက်က အခုအခံထားပြီး အိပ်သင့်ပါတယ်....။ အိပ်ပျော်နေတုံး ခြေမ၊ ခြေထောက် အောက်စိုက်နေရင် ဖြစ်တတ်ပါတယ်....။ Myanmarload ပရိသတ်ကြီးအတွက် ကျန်းမာရေးဗဟုသုတဖြစ်ဖွယ်တင်ဆက်ပေးလိုက်ပါတယ်....။

Source ဝီကီပီးဒီးယား 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။