ပြည်တွင်းအဖြစ်များလျှက်ရှိတဲ့ လူကုန်ကူးမှုနဲ့ သက်ငယ်မုဒိမ်းဖြစ်ရပ်တွေကို ပရိသတ်တွေလည်း ကြားသိကြမယ်ထင်ပါတယ်။ အဆိုပါ ဖြစ်ရပ်နဲ့ပတ်သက်ပြီးအသိပညာပေးဟောပြောမှုများ တားဆီးကာကွယ်မှုတွေကို အဆက်မပျက်လုပ်ဆောင်လျှက်ရှိပါတယ်။ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ လူကုန်ကူးမှုနှင့် သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို လွိုင်လင်မြို့ ရှိ နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် ဒီကနေ့နံနက်(၉)နာရီက ကျင်းပကြောင်း သိရပါတယ်။ 

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်းရွှေမြင့် နှင့်အဖွဲ့များက လူကုန်ကူးမှုဆိုင်ရာ နှင့် သက်ငယ်မုဒိမ်းမှုဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကို အခမ်းအနားတက်ရောက် လာကြသူများအား ဖြန့်ဝေပေးခဲ့ပါတယ်။ ထို့နောက် အသိပညာပေးဟောပြောပွဲ အစီအစဉ်ကိုကျင်းပရာ နည်းပညာ တက္ကသိုလ်(ပင်လုံ)ကျောင်းအုပ်ကြီး ဒေါက်တာထွန်းမြင့် ၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ခေတ္တဉက္ကဋ္ဌ ဒေါ်ညိုညိုလွင် တို့က အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။  

ဆက်လက်၍ အမှတ်(၁၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု တောင်ကြီးမှ ဒုရဲအုပ်ဖြိုးဝေ နှင့်ဒုရဲမှူး မျိုးကိုကိုတို့က လူကုန်ကူးမှုသမိုင်းကြောင်း ၊ လူကုန်ကူးမှု အကြောင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဉပဒေဖြင့် အရေးယူသည့် ပုဒ်မများ နှင့်ပတ်သက်၍လည်းကောင်း ၊ လွိုင်လင်မြို့မ ရဲစခန်းမှူး ၊ ဒုရဲမှူး ကျော်ကိုကို က သက်ငယ်မုဒိမ်းအကြောင်း ဟောပြောခဲ့ကြောင်းသိရပါတယ်။အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၏ဇနီး ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်နန်းရွှေမြင့် နှင့်အဖွဲ့ဝင်များ ၊ လွိုင်လင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဋ္ဌ ဒေါ်အေးအေးလွင် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဉက္ကကဋ္ဌ ဒေါ်နီထွေးနိုင်နှင့်အဖွဲ့ဝင်များ ၊ နည်းပညာ တက္ကသိုလ် (ပင်လုံ) နှင့် ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တို့မှ ဆရာ/ဆရာမများ ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြ ကြောင်းသိရပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။