ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း ၂၀၁၉ခုနှစ် သြဂုတ်လ ၁၈ရက်နေ့မှာဆိုရင် မင်းသမီး Ku Hye Sun နဲ့ မင်းသား Ahn Jae Hyun တို့ဟာဆိုရင် ကွာရှင်းကြတော့မယ်ဆိုတဲ့သတင်းထွက်ရှိခဲ့ပါတယ်။ Ku Hye Sun က သူယောကျ်ားဖြစ်သူ Ahn Jae Hyum တစ်ယောက် ကွာရှင်းနေတယ်ဆိုတာကို ပြောပြခဲ့တာဖြစ်ပါတယ်။ အဲ့နေ့မနက်ပိုင်းမှာ Ku Hye က “I love you, Ku Hye Sun. I love you. Ku Hye Sun,” ဆိုတဲံစာရေးထားတဲ့ ပုံကို Instagram မှာတင်ခဲ့ပါတယ်။ 

မင်းသမီးကတော့ သူ့ယောကျ်ားဖြစ်သူနဲ့ မကွာခြင်းပါဘူး။ ဒါပေမဲ့ သူယောကျ်ားကတော့ ကွာရှင်းခွင့်ကိုပဲ လိုလားနေပါတယ်။ အဲ့ဒီနောက်မှာ သူတို့ရဲ့ အေဂျင်စီဖြစ်တဲ့ HB Entertainment က " အာလုံးပဲမင်္ဂလာပါဗျာ...ခုပြောနေတာ HB Entertainment ကပဲဖြစ်ပါတယ်။ သြဂုတ်လ ၁၈ရက်နေ့တုန်းက အားလုံးသိကြတဲ့အတိုင်း သူတို့နှစ်ယောက်က ကွာရှင်းဖို့ နီးစပ်နေကြပါပြီ...ကွာရှင်းကြရတာကလဲ သူတို့နှစ်ယောက်ရဲ့ အမျိုးမျိုးသော ပြဿနာတွေကြောင့်ပဲဖြစ်ကာ နှစ်ယောက်စကားပြောကြပြီးချိန်မှာ ကွာရှင်းဖို့ အတည်ပြုခဲ့ကြပါပြီ " ဆိုပြီးပြောပြခဲ့ပါတယ်။ 

ဆက်လက်ပြီးတော့ HB က " နှစ်ယောက်ရဲ့ အေဂျင်စီအနေနဲ့ သူတို့အခုလို ဆုံးဖြတ်ချက်ချလိုက်တာကောင်းပါတယ်...သူတို့နှစ်ယောက်လဲ ကွာရှင်းပြီးလို့နှစ်တွေကြာလာရင် ပျော်ရွှင်စွာနေထိုင်သွားနိုင်မယ်လို့ ထင်ပါတယ်။ သူတို့နှစ်ယောက်က ဒီလမှာ စတင်ပြီး ကွားရှင်စာချုပ်နဲ့ပတ်သတ်ပြီး ပြုလုပ်သွားမှာဖြစ်ကာ စက်တင်ဘာလထဲမှာ ပြီးဆုံးမှာဖြစ်ပါတယ် " ဆိုပြီးပြောပြခဲ့ပါတယ်။ 

မင်းသမီး Ku Hye Sun ကလဲ " အားလုံးပဲ မင်္ဂလာပါ...ကျွန်မကတော့ Ku Hye Sun ပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်မကိုချစ်တဲ့သူတွေ ထောက်ခံတဲ့သူတွေကို သတင်းဆိုးယူမိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်မနဲ့ Ahn Jae Hyun တို့က ကွာရှင်းဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ သြဂုတ်လ (ရက်မပါ) ၂၀၁၉ခုနှစ် Seoul Family Court မှာကွာရှင်းတာနဲ့ပတ်သတ်ပြီး ပြုလုပ်နေပြီဖြစ်ပါတယ်။ ကျွန်မတို့တွေအချိန်အတော်အကြာကြီး ချစ်ခဲ့ကြပေမဲ့ ကွ်လပ်လေးတွေရှိနေခဲ့တာမို့ ခုလိုကွာရှင်းလိုက်ရတာပါပဲ။ ခုလိုမျိုးတွေဖြစ်သွားတဲံအတွက်လဲ ကျန်က သရုပ်ဆောင်အနုပညာရှင်အလုပ်ကို ပိုမိုကောင်းမွန်စွာ ပြုလုပ်သွားမှာဖြစ်ပါတယ် " ဆိုပြီးပြောပြခဲ့ပါတယ်။ နှစ်ယောက်ဟာ May 2016 မှာလက်ထပ်ခဲ့ကြတာဖြစ်ပြီး “Blood” ဆိုတဲ့ကားနဲ့ နှစ်ယောက်က တွေ့ဆုံးခဲ့ကြတာဖြစ်ပါတယ်။ 

Source : Soompi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။