မိခင်ဘဝဆိုတာ အမျိုးသမီးတိုင်းနဲ့ အများဆုံးအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အဲ့လိုမိခင်ဘဝရောက်သွားတဲ့ အခါမှာ အမျိုးသမီးတွေဟာ အလှအပတရားဘက်မှာ အချိန်ပေးချိန်လျော့ကြတက်လာပါတယ်။ ဒါပေမဲ့ ခုဖော်ပြသွားမဲ့ မခင်တွေကတော့ သူတို့အသက် ၄၀ နဲ့ ၄၀ကျော်မှာ မိခင်ဘဝသို့ရောက်ရှိပြီး လှပဆဲရှိနေပါတယ်။ အရိုးသားဆုံးပြောရရင် အသက်ကအရေးမကြီးပါဘူး...အရေးကြီးတာက ချစ်ခြင်းတရားပါပဲ။ 

Salma Hayek

ပရိသတ်တွေ အားလုံးသူမရဲ့အလှတရားကိုသိကြမှာပါ။ သူမဟာဆိုရင် ၂၀၀၇ခုနှစ် အသက် ၄၁နှစ်မှာ သမီးလေးတစ်ယောက်မွေးခဲ့ပါတယ်။ ဘယ်သူမှ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး မယုံကြည်နိုင်ခဲ့ကြပါဘူး။

Halle Berry

သူမအသက် ၄၀မှာဆိုရင် မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Gabriel Aubry နဲ့ကွာရှင်းခဲ့ပြီး သူမမှာ Nahla Ariela လို့ခေါ်တဲ့ သမီးလေးရှိပါတယ်။ မထင်ရဘူးနော် အသက် ၄၀ရှိပြီလို့...။ 

Nicole Kidman

Tom Cruise နဲ့ သူမတို့ဟာ လင်မယားဖြစ်စဉ်တုန်းက ကလေးမယူနိုင်ခဲ့ကြပါဘူး။ အဲ့နောက်မှာ ကွာရှင်းလိုက်ကြပြီး သူမအသက်၄၀မှာ သူရဲ့ယောကျ်ား Keith Uban နဲ့ပထမဆုံးသမီးလေးကို ရရှိခဲ့ကာ နာမည်ကတော့ Sunday Rose ပဲဖြစ်ပါတယ်။

Madonna

၂၀၀၀ခုနှစ် သူမအသက် ၄၁နှစ်ပြည့်နှစ်မှာ Rocco Ritchie လို့ခေါ်တဲ့ သားတစ်ယောက်ရှိခဲ့ပါတယ်။ သူမအတွက် ဒါဟာ ကောင်းမွန်တဲ့ အတွေ့အကြုံပဲလို့တောင်ပြောခဲ့ပါတယ်။ David Banda ကိုလဲ သူမဟာ မွေးစားခဲ့ပါတယ်။

Jennifer Connelly

သူမအသက် ၄၀ရောက်တဲ့အချိန်မှာ ကလေး ၂ယောက်ရှိနေပါပြီ အဲ့နောက် သူမဆိမှာ သုံးယောက်မြောက်ကလေးရရှိခဲ့ပါတယ်။ သူမကိုကြည့်ရတာ အသက် ၄၀နဲ့မတူသလို ကလေးသုံးယောက်အမေလဲဖြစ်ပါတယ်။

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။